အမှိုက်သိမ်းရထားဖြင့် ရထားလမ်းဘေးရှိအမှိုက်များကို သိမ်းယူမည့်စနစ်ယခုလကုန်စတင်မည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိ ညစ်ညမ်းအမှိုက်ပုံများကို အမှိုက်သိမ်းထားရသဖြင့် နိုဝင်ဘာလတွင် သိမ်းယူသွားနိုင်သည့် စနစ်စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက သိရသည်။

ထိုကဲ့သို့အမှိုက်သိမ်းရထားကို နိုဝင်ဘာလအတွင်း ထွက်နိုင်ရန်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ လွှတ်တော်ကိုယ်စားလှယ်များပြည်သူများ နှင့်လည်း ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါသည်။

"ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ အမှိုက်ပုံကြီး ၂၆ ပုံရှိပြီး အမှိုက်ပုံလေးတွေလဲ ရှိပါတယ် ။ အမှိုက်သိမ်းရထားနဲ့ အမှိုက်သိမ်းတဲအခါမှာ မလွှကုန်းဘူတာနဲ့ မင်္ဂလာဒုံရထားလမ်းပိုင်းရှိ အမှိုက်တွေ ကိုဦးစားပေးသွားမှာဖြစ်ပါတယ် " မြန်မာ့မီးရထား အောက်မြန်မာပြည်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် အမှိုက်သိမ်းခြင်းလုပ်ငန်းများကို မြို့ပတ်လမ်းတစ်လျှောက် ၂၉ မိုင်ရှိပြီး ၁ မိုင်လျင် လုပ်သား ၂ ဦးနှုန်းဖြင့် ၂၉ မိုင်အတွက် တစ်ရက်လျင်လုပ်သားအင်အား ၅၈ဦး ၊ တစ်လလျင် လုပ်သားအင်အား ၁၆၂၄ ဦးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရပါသည်။

Governance

Author