အောက်တိုဘာလအတွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးမည့် မြို့နယ်များစာရင်းထုတ်ပြန်

0

Full article

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လစဥ်လတိုင်း နယ်မြို့များသို့ လှည့်လည်ပြီး မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဥ်မောင်းလိုင်စင်များကို သက်တမ်းတိုးပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ၌ အောက်ဖော်ပြပါမြို့နယ်များ၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


၂၀၁၉ အောက်တိုဘာလအတွက် နယ်လှည့်ဆောင်ရွက်ပေးသွားမည့်မြို့နယ်များမှာ နေပြည်တော်တွင် လယ်ဝေး၊ ကချင်ပြည်နယ်တွင် ပူတာအိုနှင့် မိုးကောင်း၊ ကယားပြည်နယ်တွင် မယ်ဆဲ၊ ဖားလဆောင်း၊ ဘော်လခဲ၊ ကရင်ပြည်နယ်တွင် ကော့ဘိန်း၊ ကော့ပေါက်၊ စစ်ကိုင်းတိုင်းတွင် ပုလဲ၊ ကန့်ဘလူ၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဘုတ်ပြင်း၊ ပဲခူးတိုင်းဒေသကြီးတွင် သဲကုန်း၊ မိုးညို၊ မကွေးတိုင်းဒေသကြီးတွင်  တောင်တွင်းကြီး၊ မြိုင်၊ ပေါက်၊ ငဖဲ၊ အောင်လံ၊ မန္တလေးတိုင်းဒေသကြီးတွင် စဥ့်ကူး၊ မလှိုင်၊ မွန်ပြည်နယ်တွင် ရေး၊ ကျိုက်ထို၊ ရခိုင်ပြည်နယ်တွင် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ရန်ကုန်တိုင်းဒေသကြီးတွင် တိုက်ကြီး၊ ခရမ်း၊ ရှမ်းပြည်နယ်တွင် ဖယ်ခုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ‌ရေကြည်၊ ပန်းတနော်၊ လေးမျက်နှာ၊ ကျိုက်လတ် မြို့နယ်များတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

သို့ဖြစ်ပါ၍ အထက်ပါမြို့နယ်များရှိ မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဥ်မောင်းလိုင်စင်သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်သော အထောက်အထား၊ စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားကြပါရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်ထားပါသည်။

Author