မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိ မှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေမှာ ၁၁ သိန်းကျော် ရှိလာပြီဖြစ်

0

Full article

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စီးရေမှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိ စာရင်းများအရ ၁၁ သိန်းကျော်ရှိနေပြီး ရန်ကုန်တိုင်းတွင် ၅ သိန်း ၄ သောင်းကျော် ရှိနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။


၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေမှာ ၁,၁၀၄,၄၉၈ စီးရှိနေပြီး ရန်ကုန်တိုင်းတွင် မော်တော်ယာဉ်အစီးရေ ၅၄၆,၈၈၃ စီး ရှိနေကြောင်းသိရသည်။ အဆိုပါမော်တော်ယာဉ် ၅ သိန်း ၄ သောင်းကျော်အနက် လူစီးယာဉ်ပမာဏမှာ ၃၄၆,၇၀၉ စီးရှိနေသည်။ မြန်မာတစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသော လူစီးယာဉ်အရေအတွက်မှာ ၅၆၁,၀၃၅ စီးရှိကြောင်း ကညန ၏ ထုတ်ပြန်ချက်အရသိရသည်။ ရန်ကုန်တိုင်းသည် မြန်မာတစ်နိုင်ငံလုံးရှိ မော်တော်ယာဉ်အစီးရေပမာဏ၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိနေပြီး မန္တလေးတိုင်းတွင် မော်တော်ယာဉ်အစီးရေပေါင်း ၃၀၃,၃၁၅ ရှိနေပြီး ၎င်းတို့အနက် ၁၁၆,၁၇၈ စီးမှာ လူစီးယာဉ်များဖြစ်ကြသည်။ ပဲခူးတိုင်းတွင် မော်တော်ယာဉ်အစီးရေပေါင်း ၇၁,၉၇၇ စီး ရှိပြီး လူစီးမော်တော်ယာဉ်အရေအတွက်မှာ ၁၉,၄၁၈ စီး ရှိကြောင်းသိရသည်။

အခြားပြည်နယ်နှင့်တိုင်းများတွင်ရှိသော မော်တော်ယာဉ်အရေအတွက်မှာ နေပြည်တော်တွင် ၂၉,၁၃၈ စီး၊ ကချင်ပြည်နယ်တွင် ၇,၇၅၉ စီး၊ ကယားပြည်နယ်တွင် ၂,၆၂၇ စီး၊ ကရင်ပြည်နယ်တွင် ၆,၉၃၉ စီး၊ ချင်းပြည်နယ်တွင် ၉၂၂ စီး၊ စစ်ကိုင်းတိုင်းတွင် ၂၅,၁၆၈ စီး၊ တနင်္သာရီတိုင်းတွင် ၈,၉၀၄ စီး၊ မကွေးတိုင်းတွင် ၁၃,၉၇၄ စီး၊ မွန်ပြည်နယ်တွင် ၁၇,၇၇၉ စီး၊ ရခိုင်ပြည်နယ်တွင် ၃,၀၄၀ စီး၊ ရှမ်းပြည်နယ်တွင် ၅၃,၂၀၁ စီး၊ ဧရာဝတီတိုင်းတွင် ၁၁,၆၀၂ စီးနှင့် ကညန ရုံးချုပ်တွင် မှတ်ပုံတင်ထားသောမော်တော်ယာဉ်အစီးရေ  ၁,၂၇၀ စီးတို့အသီးသီးရှိကြောင်း ကညန ထံမှသိရသည်။


လူစီးယာဉ်သတ်မှတ်ချက်တွင် Saloon ၊ Station Wagon၊ ခရီးသည် (၁၅) ဦးထိ စီးနိုင်သည့် MicroBus ၊ Lite Van ၊ Jeep နှင့် Double Cab ယာဉ်များပါဝင်ကြောင်းသိရသည်။

Author