နှစ်လဲသက်တမ်းတိုးမှတ်ပုံခြင်းလုပ်ငန်းဆောင်ရွက်မည့် သူများအနေဖြင့် online booking ရယူရာတွင် လတစ်လ၏ နောက်ဆုံးရုံးဖွင့်ရက် ၂ ရက်ကိုပါ online booking ရယူရမည်

0

Full article

နှစ်လဲသက်တမ်းတိုးမှတ်ပုံခြင်းလုပ်ငန်းဆောင်ရွက်မည့် သူများအနေဖြင့် online booking ရယူရာတွင် လတစ်လ၏ နောက်ဆုံးရုံးဖွင့်ရက် (၂) ရက်ကိုပါ online booking ရယူရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံးများအားလုံးနှင့် မန္တလေးတိုင်းဒေသကြီးရုံး၊ မန္တလေးတောင်ပိုင်းခရိုင်ရုံး၊ မန္တလေးမြောက်ပိုင်းခရိုင်ရုံးများတွင် မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုးမှတ်ပုံတင်ခြင်းဆောင်ရွက်မည့် ပြည်သူများအတွက် အဆင်ပြေစေရေးအတွက် online booking စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိနေပြီး ယခင်က လစဉ်လတိုင်း လတစ်လ၏ နောက်ဆုံးရုံးဖွင့်ရက် ၂ ရက်တွင် online booking ရက်ချိန်းရယူရန်မလိုအပ်ပဲ လက်ခံဆောင်ရွက်ပေးခဲ့သည်လည်း လက်ရှိအခြေအနေတွင် လူစုလူဝေးကြီးမားစွာမဖြစ်ပေါ်စေရေးအတွက် အဆိုပါရက်များတွင်လည်း online booking ရက်ချိန်းရယူရန်လိုအပ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။ ထို့ကြောင့် မော်တော်ယာဉ်နှစ်လဲသက်တမ်းတိုးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်မည့်ပြည်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ်ဇွန်လမှစတင်ကာ လတစ်လ၏ နောက်ဆုံးရုံးဖွင့်ရက် ၂ ရက်တွင်လည်း online booking ရက်ချိန်းရယူရန်လိုအပ်ပြီး ရက်ချိန်းရယူပြီးမှသာ လုပ်ငန်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။


ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင်လည်း နှစ်လဲသက်တမ်းတိုးမော်တော်ယာဉ်များအတွက် online booking ရယူခြင်းစနစ်ကို ၈-၆-၂၀၂၀ ရက်နေ့မှစတင်ကာ ပြောင်းလဲကျင့်သုံးလျက်ရှိကြောင်းသိရသည်။

Author