မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအတွက် ပြေးဆွဲမည့်လမ်းကြောင်းများအား အသိပေးထုတ်ပြန်

0

Full article

မြန်မာ - ထိုင်း နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကနဦး အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ၊ နားလည်မှုဆိုင်ရာစာလွှာ (IICBTA) အရ ပြေးဆွဲမည့်လမ်းကြောင်းများအား Operators များသိရှိစေရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။


ပြေးဆွဲရမည့်လမ်းကြောင်းများမှာ ထိုင်းနိုင်ငံဘက်ခြမ်းလမ်းကြောင်းများအနေဖြင့်
(၁) မဲဆောက် - ပစ္စနလော့ - ခုန်ခမ်း - ကုလားဆင် - မုဒဟန်
(၂) မဲဆောက် - ဘန်ကောက် - လန်ချဘန် တို့ဖြစ်ပြီး

မြန်မာနိုင်ငံဘက် လမ်းကြောင်းများအနေဖြင့်
(၁) မြဝတီ - ကော့ကရိတ် - ဇာသပြင် - မော်လမြိုင်
(၂) မြဝတီ - ကော့ကရိတ် - ကျုံဒိုး - ဘားအံ - သထုံ - ဘီးလင်း - ကျိုက်ထို - သိမ်ဇရပ် - ဝေါ - ဘုရားကြီး - ပဲခူး - အင်းတကော် - ပဲခူး/ရန်ကုန်နယ်စပ် - ဇရပ်ကွင်း - ဆားတလင်း - လေးထောင့်ကန် - ဒဂုံတံတားအမှတ် (၂) ကုလားဝဲ - ခရမ်းသုံးခွလမ်းဆုံ - ဒဂုံဆိပ်ကမ်း - သီလဝါအထူးစီးပွားရေးဇုန် လမ်းကြောင်းတို့ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။

Author