Online booking စနစ် ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို ရုံးတစ်ရုံးလျှင် အစီးရေ ၂ဝ ထပ်မံတိုးမြင့် လုပ်ငန်းဆောင်ရွက်ပေးမည်

0

Full article

Online booking စနစ် ယာဉ်မှန်၊ မမှန်စစ်ဆေးပေးခြင်းကို ရန်ကုန်တိုင်းကညနရုံးများတွင် တစ်ရက်လျှင် ၁၆၅ စီးစစ်ဆေးပေးနေရာရုံးတစ်ရုံးလျှင် အစီးရေ ၂ဝ ထပ်မံတိုးမြင့် လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကသိရသည်။ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်အသီးသီးတွင် ယာဉ်မှန်မမှန် စစ်ဆေးပေးခြင်းကိုရုံးများအလိုက် တိုင်းဒေသကြီး ရွာသာကြီးရုံးခွဲတွင် ယာဉ်အစီးရေ ၂၅ စီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် ၃၅ စီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးတွင် ၅ဝ စီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးတွင် ၂၅ စီးနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် ရုံးတွင် ၃ဝ စီး စုစုပေါင်း ရန်ကုန်တိုင်းတွင် တစ်ရက်လျှင် ၁၆၅ စီး လုပ်ငန်းဆောင်ရွက်ပေးနေရာ ထပ်မံ၍ ခရိုင်ရုံးများတွင် ကားအစီးရေ ၂ဝ အထိ ထပ်တိုးစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယာဉ်မှန်မမှန် စစ်ဆေးပေးတာကို သတ်မှတ်ထားတဲ့အစီးရေ ထက် သက်ဆိုင်ရာခရိုင်ရုံးတွေမှာ ထပ်မံပြီး ကားအစီးရေ ၂ဝ အထိ ထပ်တိုးလုပ်ဆောင်ပေးမယ်။ ခရိုင်ရုံး ၅ ရုံးကို ထပ်တိုးပေးတာပါ။ ကားကြီးတွေလုပ်တဲ့ ရွာသာကြီးရုံးတော့ မပါပါဘူး။ စက်တင်ဘာလ ပထမအပတ်ကစပြီး ထပ်တိုး online booking ယူလို့ရပါတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယာဉ်မှန်၊ မမှန်အတွက် ယာဉ်စစ်ရက်ချိန်းရယူခြင်းကို www.rtad.gov.mm ဝက်ဆိုဒ်တွင် ကြိုတင်စာရင်းသွင်းသည့်စနစ် (Online Booking) ဖြင့် စားရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ Regulation

Unicode Version

Author