RTA ထုထားသော အခွံချိန်းအလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲထားသော ကားများကို ယာဉ်မှတ်ပုံတင် ဆက်လက်လုပ်ဆောင်ပေးမည်

0

Full article

မော်တော်ယာဉ်များ မူလရုပ်ပုံစံအား ပြောင်းလဲ၍ ယာဉ်အစိတ်အပိုင်း မမှန်ကန်ဘဲ ပြောင်းလဲကာ အခွံချိန်း အလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲလာသည်ကို စစ်ဆေးတွေ့ရှိပါ က ယာဉ်မှတ်ပုံတင် ဖျက်သိမ်း၍ လိုင်စင်မဲ့ယာဉ် အဖြစ်သတ်မှတ်သိမ်းဆည်းသွားမည်ဖြစ်သော်လည်း ၂ဝ၁၆ နှစ်အကုန် RTA ထုထားသော ကားများကို တော့ ယာဉ်မှတ်ပုံတင် ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ကသိရသည်။

၂ဝ၁၆ နှစ်အကုန်တွင် ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက အခွံချိန်းအလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲသောကားများကို RTA ထု၍ ကားအမျိူးအစား အလိုက် ၁ဝသိန်း ၅သောင်း မှစကာ အခွန်ကောက်ယူမှုများ လုပ်ဆောင်ပေးလျှက်ရှိနေရာ ထိုကားများမှာ ယခု မှတ်ပုံတင်ဖျက်သိမ်း၍ လိုင်စင်မဲ့ယာဉ် အဖြစ်သတ်မှတ်မည့် စာရင်းထဲတွင် ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

" အရင်တုန်းက နိုင်ငံတော်ကိုအခွန်သွင်းပြီး RTA ရိုက်ခဲ့တဲ့ကားတွေရှိတယ်။ အဲ့ကားတွေတော့ RTA အတိုင်းပဲသွားမယ်။၂ဝ၁၆ နှစ်အကုန်ထိကားတွေပါတယ်။ အခုနောက်ပိုင်း ယာဉ်တစ်စီးကို အစိတ်အပိုင်း မမှန်ကန်ဘဲ ယာဉ်တစ်စီးကို ဖောက်စွပ်တာ ပြောင်းလဲတာဖြစ်လို့ ၊ထုတ်ပေးထားတဲ့စာရွက်စာတမ်းတွေဖောင်ကြွတာကအစ သိမ်းပါမယ်။ပုဒ်မ ၇၄ အရ မှတ်ပုံတင်ဖျက်သိမ်းပြီး ကားကိုသိမ်းမယ်။ လိုင်စင်မဲ့ယာဉ် သတ်မှတ်မယ်။လုံးဝ မှတ်ပုံတင်ပြုလုပ်ပေးမှာမဟုတ်ပါဘူး။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနောက်ပိုင်း အခွံချိန်းအလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲသောကားများကို ယာဉ်မှတ်ပုံတင်ဖျက်သိမ်းသွားမည်ဖြစ်ရာ ထိုကားများကို ဝယ်ယူမည်ဆိုပါက မိမိဝယ်ယူမည့်ယာဉ်အား သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးတွင် ယာဉ်မှန်၊မမှန် စစ်ဆေးပြီးမှ ဝယ်ယူအသုံးပြုသင့်ကြောင်းအသိပေးကြေငြာထားရှိသည်။

Regulation

Author