ရန်ကုန်မြို့တစ်ပတ်ပြေးဆွဲမည့် မြို့ပတ်ကားစနစ် ယာဉ်အစီးရေ ၅ဝ ဖြင့် ဖေဖော်ဝါရီလအတွင်း စတင်ပြေးဆွဲမည်

0

Full article

ရန်ကုန်မြို့တစ်ပတ်လုံးပြေးဆွဲပေးမည့် မြို့ပတ်ကားစနစ်အား ယာဉ်အစီးရေ ၅ဝ ဖြင့် ယခုဖေဖေါ်ဝါရီလအတွင်း စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) မှသိရသည်။

ထိုကဲ့သို့ ရန်ကုန်မြို့တစ်ပတ်လုံးပြေးဆွဲပေးမည့် မြို့ပတ်ကားစနစ်အား City Transit ကုမ္ပဏီမှတာဝန်ယူပြေးဆွဲပေးမည်ဖြစ်ရာ Scania ကားအမျိုးအစားနှင့် ပြေးဆွဲမည်ဖြစ်ပြီး စီးနင်းခ ဈေးနှုန်းမှာ ခရီးစဉ်တစ်ဝက်စီးနင်းပါက ငါးရာကျပ်၊ မြို့တစ်ပတ်လုံးခရီးစဉ်ကိုစီးမည်ဆိုပါက တစ်ထောင်ကျပ် ကျသင့်မည်ဖြစ်သည်။

"ရန်ကုန်မြို့တစ်ပတ်လုံးပြေးဆွဲပေးမယ့် မြို့ပတ်ကားစနစ်ကို City Transit ကုမ္ပဏီက ပြေးဆွဲပေးမှာပါ။ ဖေဖေါ်ဝါရီလကုန်မှာစပြီးပြေးဆွဲပေးမယ်လို့ အကြမ်းဖျင်း သိရတယ်။ အဲဒီရန်ကုန်မြို့တစ်ပတ်ခရီးစဉ်က အောင်မင်္ဂလာအဝေးပြေးကနေ စတင်ပြေးဆွဲဖို့ တင်ပြထားတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) ၏ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် ကပြောကြားခဲ့သည်။

ရန်ကုန်မြို့တစ်ပတ်လုံးပြေးဆွဲပေးမည့် မြို့ပတ်ကားစနစ်ပြေးဆွဲပေးမှုမှာ YBS ခရီးသည်တင်ယာဉ်လိုင်းများနှင့် မသက်ဆိုင်ဘဲ ကုမ္ပဏီမှတာဝန်ယူပြေးဆွဲပေးရန် တင်ပြထားခြင်းသာဖြစ်သည်။ စတင်ပြေးဆွဲမည့် နေ့ရက်အား ထပ်မံအသိပေးသွားမည်ဖြစ်ပြီး ပြေးဆွဲပေးမည့် ယာဉ်များမှာလည်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

Author