Rolls-royce မှ မော်ဒယ်သစ် Dawn ကိုကြေညာ

0

Full article

Rolls-royce ကုမ္ပဏီမှ အသစ်ထုတ်လုပ်လိုက်သော မော်ဒယ်အသစ် Dawn ကို ကြေညာလိုက်ပြီဖြစ်ပါတယ်.။ Dawn ဟာ အမိုးကိုခေါက်သိမ်းလို့ရတဲ့ Wraith coupe ရဲ့ အမိုးပုံစံကို ထည့်သွင်းတည်ဆောက်ထားတဲ့ 1952 Silver Dawn နဲ့ ဆင်တူပါတယ်.။ ကုမ္ပဏီရဲ့ အဆိုအရ Dawn ဟာ တည်ဆောက်ပြီးသမျှ Rolls-royce ကားဒီဇိုင်းများထဲမှာ အလန်းဆုံးဖြစ်ပါသတဲ့.။

Dawn ဟာ အသံပိုင်းဆိုင်ရာတည်ငြိမ်မှုရှိအောင် တည်ဆောက်ထားတဲ့ကားတစ်စီးဖြစ်ပြီး 31 mph ကို 22 စက္ကန့်အတွင်း ရောက်ရှိအောင် မောင်းနှင်နိုင်ပါတယ်.။ ဒီလိုမောင်းနှင်နေစဉ်မှာ အသံလုံးဝ ကြားရမှာမဟုတ်ပါဘူးလို့ ကုမ္ပဏီကဆိုပါတယ်.။

အင်ဂျင်ပိုင်းကို Rolls-royce ရဲ့ ယခင်ထုတ်လုပ်ပြီးတဲ့မော်ဒယ်တွေဖြစ်တဲ့ Wraith နဲ့ Ghost မှာ ပါဝင်တဲ့ 6.6 lt V12 အင်ဂျင်ကို ဆက်လက်အသုံးပြုထားပြီး မြင်းကောင်ရေ 563 ကောင်အားအထိ ထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်.။ ဒီဇိုင်းပိုင်းမှာဆိုရင်လည်း စွဲမက်ဖွယ်ပုံစံနဲ့ အလွန်လှပကောင်းမွန်အောင် တည်ဆောက်ထားတာကိုတွေ့ရပါတယ်.။

Rolls-royce Dawn ကို ရှေ့တစ်ပတ်မှာကျင်းပမယ့် 2015 Frankfurt Motor Show မှာ တရားဝင်မိတ်ဆက်ပေးသွားမှာဖြစ်ပြီး လာမယ့်နှစ်အတွင်း အမေရိကားမှာ စတင်ရောင်းချမှာဖြစ်ကြောင်း သိရပါတယ်.။

www.carsdb.com

No.1 Car Site in Myanmar

Ref: The Verge, Digital Trend

Gallery

054_f34_roof_down_chrome_wheels-970x647-c-500x333 054_f34_roof_up_chrome_wheels-970x647-c-500x333 clock-6-970x647-c-500x333 dash34_007-970x647-c-500x333 dead_on_dash_edit-970x647-c-500x333 detail1_sunset_shoulderline_extended_final_rgb1-970x647-c-500x333 ext2_fronton_final_rgb1-970x647-c-500x333 img_0003_copy_edit-970x647-c-500x333 img_0009_edit-970x647-c-500x333 img_0015-3-970x647-c-500x333 img_0040-2-970x647-c-500x333 img_0048-2-970x647-c-500x333 lead-image-2-970x647-c-500x333 rear_deck_edit-970x647-c-500x333 rear34_029_roof_down_chrome_wheels-970x647-c-500x333 rear34_029_roof_up_chrome_wheels-970x647-c-500x333treadplate-970x647-c-500x333

Author