မြန်မာနိုင်ငံတွင် Rolls-Royce မော်တော်ကား Service Center ဖွင့်လှစ်မည်

0

Full article

Rolls-Royce Motors မှ Prestige Automobiles Co., Ltd. အား မြန်မာနိုင်ငံ၏ တရားဝင် Rolls-Royce ဝန်ဆောင်မှုကိုယ်စားလှယ်အဖြစ် ရွေးချယ်ခန့်အပ်လိုက်ပါသည်။

မြန်မာနိုင်ငံရှိ Rolls-Royce မော်တော်ကားပိုင်ရှင်များအနေဖြင့် မိမိတို့၏ Rolls-Royce မော်တော်ကားများကို အကောင်းဆုံးပြုပြင်ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ရန်အတွက် ၃၆ဝ ဒီဂရီ ပြည့်စုံသောစစ်ဆေးမှုအား ရန်ကုန်မြို့ရှိ Rolls-Royce Service Center အသစ်တွင် ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

Rolls-Royce မှ စနစ်တကျ သင်ကြားပေးထားသော အရည်အချင်းပြည့်ဝသည့် Technicians များမှ အဆင့်မြင့် Rolls-Royce ကားများကို ပြုပြင်ထိန်းသိမ်းမှုအတွက် နည်းပညာနှင့်အရည်အသွေးကောင်းမွန်သော Service Tools များနှင့် Diagnostics စက်ကိရိယာအပြည့်အစုံဖြင့် စတုရန်းမီတာ ၆ဝဝဝ ရှိသော အဆောက်အဦးတွင် Phantom, Ghost, Wraith နှင့် Dawn အစရှိသည့် Rolls-Royce မော်ဒယ်များအားလုံးကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး အပိုပစ္စည်းအစုံအလင်ကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။Rolls-Royce Service Centre တွင် ဝန်ဆောင်မှုပေးမည့် Bay (၈) ခု ပါဝင်ပြီး ကားမျိုးစုံကို တစ်ချိန်တည်းမှာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ မော်တော်ကားများအား ဝန်ဆောင်မှုပြုလုပ်နေစဉ်တွင် နားနေစောင့်ဆိုင်းနိုင်မည့် Customer Lounge ပါရှိပြီး Wifi အင်တာနက်ဝန်ဆောင်မှုပါ ရရှိမည်ဖြစ်သည်။

"ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ Rolls-Royce မော်တော်ကားပိုင်ရှင်တွေအတွက် ထိုက်တန်တဲ့ဝန်ဆောင်မှုအဆင့်အတန်းကို အပြည့်အဝပေးစွမ်းပေးနိုင်မယ့် တရားဝင်ကိုယ်စားလှယ်ကို တွေ့ရှိခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ ဒီနိုင်ငံမှာကျွန်တော်တို့ တရားဝင်မရောက်ရှိသေးခင် လေ့လာစုံစမ်းမှုတွေအရ Rolls-Royce မော်တော်ကားတော်တော်များများဟာ သင့်လျော်တဲ့ Aftersales ဝန်ဆောင်မှုအထောက်အပံ့မရရှိတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ ကျွန်တော်တို့ တရားဝင်ရောက်ရှိလာတဲ့အခါမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေနှင့်အတူ Rolls-Royce ရဲ့ အစစ်အမှန်အပိုပစ္စည်းများနှင့်သာ ပြုပြင်ထိန်းသိမ်းမှာဖြစ်တဲ့အတွက် ဒီကားတွေဟာ လမ်းပေါ်မှာစိတ်ချယုံကြည်စွာမောင်းနှင်နိုင်ရုံသာမက ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းကိုပါ ရရှိစေမှာ သေချာပါတယ်။ " ဟု Rolls-Royce မော်တော်ကား၏ Asia Pacific Regional ဒါရိုက်တာ Paul Harris မှ ပြောကြားပါသည်။

Prestige Automobiles ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးချမ်းမြမှလည်း "ကျွန်တော်တို့ Prestige Automobiles အနေနဲ့ Rolls-Royce မော်တော်ကားရဲ့ မြန်မာပြည်ဝန်ဆောင်မှုကိုယ်စားလှယ်အဖြစ် ရွေးချယ် ခန့်အပ်ခြင်းခံရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ Rolls-Royce မော်တော်ကားတွေဟာဆိုရင် အစဉ်အဆက်အကောင်းဆုံးတည်ဆောက်ခဲ့တဲ့ အဆင့်မြင့်ဇိမ်ခံကားဖြစ်ပြီးတော့ ဒီကားတွေကို ပြုပြင်ထိန်းသိမ်းဖို့အတွက် နိုင်ငံတကာမှာရှိတဲ့ Rolls-Royce Service Centre တွေရဲ့ စံချိန်စံနှုန်းအတိုင်း လိုက်နာဆောင်ရွက်တဲ့ တရားဝင်အသိအမှတ်ပြု Service Center မှ ကျွမ်းကျင်တဲ့ပညာရှင်တွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုစင်တာကနေ မည်သည့် Rolls-Royce မော်တော်ကားမဆို ကြိုဆိုမျှော်လင့်နေပါတယ် " ဟု ပြောကြားပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် Rolls-Royce အရောင်းပြခန်း မရှိသေးသည့်အတွက် Prestige Automobiles မှ Rolls-Royce ကားအသစ်များကို ဝယ်ယူလိုသည့်မိတ်ဆွေများအား Rolls-Royce Motor Cars Asia Pacific နှင့် ဆက်သွယ်ပြီး ကူညီမိတ်ဆက်ဝန်ဆောင်မှုပေးနိုင်ပါသည်။ Rolls-Royce ဝန်ဆောင်မှုစင်တာသည် အမှတ် – ၄၈၅၊ ပြည်လမ်းနှင့် နာနတ်တောလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး နေ့စဉ် မနက် ၈း၃ဝ နာရီ မှ ညနေ ၅း၃ဝ အထိ ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

Author