Full article

၂ဝ၁၃ Geneva Motor show မှာ ဗြိတိန်နိုင်ငံ၏ နာမည်ကြီး ကားထုတ်လုပ်ရေးကုမ္ပဏီ Rolls-Royce မှ Wraith ကို စတင်မိတ်ဆက်လိုက်ပါတယ်။ Wraith ဟာ Rolls-Royce မှထုတ်လုပ်ခဲ့တဲ့ ကားတွေထဲမှာ အင်ဂျင်ပါဝါ အကောင်းဆုံး၊ အမြန်ဆုံးနဲ့ ဇိမ်ခံပစ္စည်းအစုံဆုံး တစ်စီးအဖြစ် သတ်မှတ်ခြင်းခံတဲ့ ကားတစ်စီးဖြစ်ပါတယ်။

2Rolls-RoyceWraithfirstpictures2013Geneva-500x277

Wraith ရဲ့ တည်ဆောက်ပုံဟာ၂ဝဝ၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ Rolls-Royce Ghost ကို အခြေခံပြီး Twin-turbo 6.6-litre V12 အင်ဂျင်ကို အသုံးပြုထားပါတယ်။ Ghost ရဲ့ engine ပါဝါဟာ 563 မြင်းကောင်ရေသာရှိပေမယ့် Wraith မှာတော့ ၆၂၄ မြင်းကောင်ရေ အားကောင်းတဲ့ engine ကို တပ်ဆင်အသုံးပြုထားတာကြောင့် 0-62mph ကို 4.6 စက္ကန့်အတွင်းရောက်နိုင်တဲ့ acceleration ရှိကြောင်းလည်း တင်ပြထားပါတယ်။

75Rolls-RoyceWraithfirstpictures2013Geneva-500x277

သူ့ရဲ့ အထူးခြားဆုံးသော feature တစ်ခုကတော့ Satellite Aided Transmission (SAT) technology လို့ခေါ်တဲ့ GPS ဂြိုလ်တုအကူအညီနဲ့ gear ပြောင်းပေးတဲ့ နည်းပညာပဲဖြစ်ပါတယ်။ ဂီယာ ၈ချက်ပါတဲ့ Wraith ရဲ့ Gearbox ဟာ GPS ဂြိုလ်တုမှ ပေးပို့တဲ့ အချက်အလက်ကိုသုံးကာ သွားနေတဲ့လမ်းကြောင်းကို ကြိုတင်တွက်ချက်နိုင်ပြီး၊ မောင်းပုံမောင်းနည်းကို အခြေခံကာ အသင့်တော်ဆုံး ဂီယာပြောင်းပေးနိုင်တယ်လို့ သိရပါတယ်။

5Rolls-RoyceWraithfirstpictures2013Geneva-500x277

တံခါးနှစ်ပေါက်ကားဖြစ်ပြီး၊ ကား၏ အရောင်မှာ tone နှစ်မျိုးဖြင့် အလှဆင်ထားတဲ့အတွက်၊ အခန့်သားလည်းစီးနိုင်သလို၊ အလန်းစားလည်း စီးနိုင်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

1Rolls-RoyceWraithfirstpictures2013Geneva-500x277

4Rolls-RoyceWraithfirstpictures2013Geneva-500x277

အခြား feature များအနေနဲ့ Rolls-Royce's Starlight Headliner, head-up display, adaptive headlights, keyless-opening boot, advanced voice command system, Spirit of Ecstasy Rotary Controller တို့လည်းပါဝင်ကြောင်းသိရပါတယ်။

74Rolls-RoyceWraithfirstpictures2013Geneva-500x277

71Rolls-RoyceWraithfirstpictures2013Geneva-500x277

ဈေးနှုန်းမှာ £250,000 ($ 376,625) မှစကာ ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ စတင်ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရပါတယ်။

6Rolls-RoyceWraithfirstpictures2013Geneva-500x277

Source: Rolls-Royce Wraith Official

Author