Full article

ဇိမ်ခံကားများ အာရှတွင် အရောင်းအဝယ် အများဆုံးဖြစ်နေကြောင်း နောက်ဆုံးထုတ် မလေးရှားနိုင်ငံ ဈေးကွက် အချက်အလက်များမှတဆင့် ကောက်နုတ်သိရှိရပါသည်။ အထူးသဖြင့် Rolls Royce ကားများသည် အာရှ ဇိမ်ခံကားဈေးကွက်၏ ရှယ်ယာအများစုကို နေရာယူထားပါသည်။ ၂ဝ၁၁ အတွက် ထုတ်ပြန်သော East Malaysian auto sales report အရ ပြီးခဲ့သောနှစ်သည် Rolls Royce အတွက် အအောင်မြင်ဆုံးနှစ်တစ်နှစ်လဲ ဖြစ်သည်။ 

Rolls-Royce-Asian-Luxury-Car-500x328

၂ဝ၁ဝ တွင် ကားအစီးရေ ၂၇၇၁ စီးရောင်းခဲ့ပြီး ၂ဝ၁၁တွင် ၃၁% အထိမြင့်တက်သွားကာ ကားစုစုပေါင်း ၃၅၂၈စီးရောင်းခဲ့ရကြောင်းသိရှိရပါသည်။ မြောက်အမေရိကနဲ့ မြေထဲပင်လယ်ဒေသများမှာ ရောင်းအား အနည်းငယ်သာ ရှိခဲ့ပြီး အာရှပစိဖိတ်အတွင် အင်မတန်အောင်မြင်ခဲ့ပါသည်။ ဒီရလဒ်များဟာ ၁၉၇၈မှာ စံချိန်တင်ခဲ့တဲ့ Rolls Royce ရဲ့ ရောင်းအားအကောင်းဆုံးနှုန်း ၃၃၄၇စီးကို ကျော်ဖြတ်သွားတာပါ။ ကျွမ်းကျင်သူများကတော့ Rolls Royce ဟာ ကျက်သရေ ထယ်ထယ်ဝါဝါ ရှိပြီး၊ အဆင့်အတန်းမြင့်မားတဲ့ ဂုဏ်ဒြပ်တစ်ခုကို ဖော်ဆောင်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့အတွက် ချမ်းသာသော မိသားစုများအများစု ကြိုက်နှစ်သက် ရွေးချယ်လေ့ရှိတဲ့ ကားအမျိုးအစားဖြစ်နေကြောင်း သုံးသပ် ဖြေကြားပါသည်။

Reference: RushLane

Author