မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ စက်တင်ဘာလအထိစာရင်းများအရ ယာဉ်အစိတ်အပိုင်းမမှန်မကန် ပြောင်းသဖြင့် မှတ်ပုံတင်ဖျက်သိမ်းကာ ထိန်းသိမ်းအပ်နှံထားသော ယာဉ်အစီးရေစာရင်း ထုတ်ပြန်

0

Full article

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိစာရင်းများအရ ယာဉ်အစိတ်အပိုင်းမမှန်မကန် ပြောင်းသဖြင့် မှတ်ပုံတင်ဖျက်သိမ်းကာ ရဲစခန်းတွင်အပ်နှံထားသောယာဉ်စီးရေ ၁၀၅ စီးနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးဝန်းများအတွင်း ထိန်းသိမ်းထားသောယာဉ်စီးရေ ၃၈ စီး ရှိနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိစာရင်းများအရ ယာဉ်အစိတ်အပိုင်းမမှန်မကန်ပြောင်းလဲသဖြင့် မှတ်ပုံတင်ဖျက်သိမ်းကာ ရဲစခန်းတွင်အပ်နှံထားသောယာဉ်စီးရေ ၁၀၅ စီးရှိနေပြီး ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးရုံး (ပုသိမ်) တွင် ၂ စီး၊ မအူပင် (ခရိုင်ရုံး) တွင် ၁ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး (မုံရွာ) တွင် ၁ စီး၊ မွန်ပြည်နယ်ရုံး (မော်လမြိုင်) တွင် ၁ စီး၊ မန္တလေးတိုင်းဒေသကြီး (မြောက်ပိုင်းခရိုင်ရုံး) တွင် ၂၁ စီး၊ မန္တလေးတိုင်းဒေသကြီး (တောင်ပိုင်းခရိုင်ရုံး) တွင် ၁၁ စီး၊ မိတ္ထီလာခရိုင်ရုံးတွင် ၁ စီး၊ မကွေးတိုင်းဒေသကြီး  ခရိုင်ရုံး (ပခုက္ကူ) တွင် ၁ စီး၊ မင်းဘူးခရိုင်ရုံးတွင် ၁ စီး၊ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရုံး (မြင်သာ) တွင် ၃၁ စီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်) တွင် ၈ စီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံး တွင် ၁၄ စီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (ဒဂုံတောင်) ရုံး တွင် ၁၂ စီး တို့ရှိနေပြီး မှတ်ပုံတင်ဖျက်သိမ်းကာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဝန်းများအတွင်း ထိန်းသိမ်းထားသောယာဉ်စီးရေ ၃၈ စီးရှိနေပြီး  ရန်ကုန်အနောက်ပိုင်းခရိုင်ရုံး (မြင်သာ) တွင် ၃၂ စီး၊ တောင်ပိုင်းခရိုင်ရုံး (သန်လျင်) တွင် ၂ စီး၊ မြောက်ပိုင်းခရိုင်ရုံး (အင်းစိန်) တွင် ၂ စီး၊ အရှေ့ပိုင်းခရိုင်ရုံး (ဒဂုံတောင်) တွင် ၂ စီး တို့ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။


အစိတ်အပိုင်းမမှန်မကန်ပြောင်းလဲထားသော ယာဉ်များကို မှတ်ပုံတင်ဖျက်သိမ်းခဲ့ရာတွင် ရဲစခန်းများသို့ အပ်နှံခဲ့သောယာဉ်များ၊ ရဲစခန်းမှ ထားစရာနေရာမရှိတော့သည့် ကညန ရုံးများအတွင်းထိန်းသိမ်းထားသောယာဉ်များ၊ ကညန မှ ယာဉ်အထောက်အထားမှတ်ပုံတင်ကိုသိမ်းဆည်းထားလိုက်ပြီး ယာဉ်ကို ပိုင်ရှင်များမှပြန်လည်ယူသွားသောယာဉ်များနှင့် ဖမ်းဆီးရမိခြင်းမရှိသေးပဲ မောင်းနှင်နေ‌သော ယာဉ်များဟူ၍ လေးမျိုးရှိပြီး  အရေအတွက်အားဖြင့် စာရင်းများအရ ၃၆၂ စီးရှိနေကာ စစ်ဆေးတွေ့ရှိခြင်းမရှိသေးသောယာဉ်များပါထည့်သွင်းတွက်ချက်ပါက အစီးရေ ထောင်ဂဏန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီး ယခုလ ၁ ရက်နေ့မှစတင်ကာ အထက်ပါ အစိတ်အပိုင်းမမှန်မကန်ပြောင်းလဲသဖြင့် မှတ်ပုံတင်ဖျက်သိမ်းကာ ထိန်းသိမ်းထားသည့်ယာဉ်များကို ဖြေလျှော့သည့်အနေဖြင့် သံရည်ကြိုအပ်နှံစေကာ ယာဥ်အို/ဟောင်းအစားထိုးတင်သွင်းခွင့်ပုံစံ ‘ဃ’ စလစ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Author