ယာဉ်မောင်းသူများ လိုက်နာသင့်သော အခြေခံ road safety အမူအကျင့်ကောင်းများ

0

Full article

ယာဉ်မောင်းနှင်သူ တစ်ဦးသည် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို သိနားလည်ကာ လေးစား လိုက်နာရမည့်အပြင် မော်တော်ယာဉ်မောင်းနှင်ခြင်းနှင့်သက်ဆိုင်သော အခြေခံ အမူအကျင့် ကောင်း များကိုလည်း လေ့ကျင့်ထားရမည်ဖြစ်သည်။ ယင်းအမူအကျင့်ကောင်းများမရှိသောကြောင့် နှစ်စဉ် နှစ် တိုင်း ယာဉ်မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်ကာ အသက်စည်းစိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိ ပါ သည်။ ထို့ကြောင့် ယခုစာစုတွင် မော်တော်ယာဉ်မောင်းနှင်ခြင်းဆိုင်ရာ အခြေခံအမူအကျင့် ကောင်း များကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

၁။ လုံခြုံရေးခါးပတ်ကို ဝတ်ပါ။
လုံခြုံရေးခါးပတ်သည် ခန္ဓာကိုယ်၏ အသန်မာဆုံး အစိတ်အပိုင်းများဖြစ်သော ရင်ဘတ်နှင့် ခါးတို့ကို ထိန်းချုပ်ထားသည်ဖြစ်ရာ ယာဉ်မတော်တဆထိခိုက်မှုများဖြစ်ပေါ်လာပါက ဆိုးရွာသော ထိခိုက်မှု မျိုး ဖြစ်ပေါ်မလာအောင် ယာဉ်မောင်းသူကို အကာအကွယ်ပေးထားပါသည်။ လုံခြုံရေးခါးပတ်မဝတ်ဆင် မိသောကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ဥပမာသာဓက များစွာရှိပါသည်။

၂။ ဖုန်းကို ဖြစ်နိုင်လျှင်မသုံးပါနှင့်။
ယခုလို မိုဘိုင်းဖုန်းများ ပေါများလာသည့်ခေတ်တွင် ယာဉ်မောင်းသူများသည် ကားမောင်းနှင်စဉ် ဖုန်းကို အသုံးပြုလေ့ရှိပါသည်။ သာမာန်ဖုန်းပြောဆိုခြင်းမှာ ပြသနာမရှိနိုင်သော်လည်း စိတ်ဆိုး ဒေါ သဖြစ်စရာအကြောင်း အရာများကို ပြောဆိုနေရပြီဆိုပါက လုံခြုံစိတ်ချစွာယာဉ်မောင်းနှင်နိုင် ဖို့ ခက်ခဲလာမည်ဖြစ်ပါသည်။ ထို့အပြင် ယာဉ်မောင်းနှင်စဉ် ဖေ့ဘုတ်သုံးခြင်း၊ စာရိုက်ခြင်းများပြုလုပ်လျှင် ကားရှေ့ကို အာရုံစူးစိုက်မှု ကျဆင်းလာမည်ဖြစ်သောကြောင့် ယင်းတို့ ကို မပြုလုပ်သင့်ပါကြောင်း တိုက် တွန်းအပ်ပါသည်။

၄။ မိမိသတ်မှတ်ထားသော အမြန်နှုန်းအတိုင်းသာ မောင်းပါ။
ရံဖန်ရံခါ လမ်းကြောရှင်းသည့်အခါ အချို့သော ယာဉ်မောင်းများသည် မိမိမောင်းနှင်သည့်နှုန်းထက် ကားကို အရှိန်တင်မောင်းနှင်တက်ကြပါသည်။ သင့်အနေဖြင့်လည်း ယာဉ်ကြောရှင်းသဖြင့် သင့်ကားရှေ့ကနေ အမြန် နှုန်း တင်ကာ မောင်းနှင်သော ကားအတိုင်း လိုက်မောင်းနှင်စရာမလိုပါ။ မိမိသတ်မှတ်ထားသော ပုံမှန် နှုန်း အတိုင်းသာ မောင်းနှင်သင့်ပါသည်။

၄။ မော်တော်ယာဉ်၏ မမြင်ရသည့် နေရာများ (blind spots)ကိုစစ်ဆေးပါ။
မော်တော်ယာဉ်၏ ဘေးနှင့် အနောက်ဖက်မှန်များသည် ယာဉ်၏ နောက်ဖက်ကို ကောင်းစွာမြင်ရသော် လည်း မော်တော်ယာဉ်၏ အချို့သော မမြင်နိုင်သည့် နေရာများကို ဖော်ပြမပေးနိုင်ပါ။ ထို့ သို့ မမြင်ရသည့်အခါ မိမိယာဉ်ဘေးတွင်ရှိသော ကား၊ စက်ဘီးတို့ဖြင့် ထိခိုက်မှုများ ရှိလာတတ်ပါသည်။ ထို့ကြောင့် ကားပါကားထိုးလျှင်ပဲဖြစ်ဖြစ်၊ ပါကင်ထိုးရာမှ ထွက်လျှင်ပဲဖြစ်ဖြစ်၊ အခြားသော လမ်းကြောင်းကို ယူလျှင်ပဲဖြစ်ဖြစ်၊ ကွေ့လျှင်ပဲဖြစ်ဖြစ် မော်တော်ယာဉ်၏ မမြင်ရသော နေရာများကို အမြဲ သတိထားစစ်ဆေးသင့်ပါသည်။

၅။ မူးလျှင် မမောင်းပါနှင့်။
အရက်သောက်ပြီးနောက် ကားမောင်းခြင်းလောက် အန္တရာယ်များတာမရှိပါ။ ခန္ဓာကိုယ်ထဲတွင် အရက် အနည်းငယ်ရှိရုံဖြင့် ကားမောင်းစွမ်းရည်ကို ကျဆင်းစေပါသည်။ မူးပြီး မောင်းနှင်ခြင်းသည် ဆိုးရွာသော ယာဉ်မတော် တဆထိခိုက်နိုင်ခြေအများဆုံး ဖြစ်ပေါ်တတ်ပါသည်။

၆။ အိပ်ရေးဝအောင် အိပ်ပါ။

ယာဉ်မောင်းနေစဉ် အိပ်ငိုက်ခြင်းသည် အရက်သေစာ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများကဲ့သို့ အကျိုးသက်ရောက်မှုခြင်းတူညီပါသည်။ အိပ်ငိုက်နေပါက အာရုံစူးစိုက်မှုကောင်းစွာ မရဘဲ လုံခြုံမှု ရှိရှိ မောင်းနိုင်ဖို့မှာ ခက်ခဲပါသည်။ ခရီးဝေးသွားမည်ဆိုလျှင် အိပ်ရေးဝမှ မောင်းနှင်သင့် ပါသည်။

အထက်ဖော်ပြပါ အမူအကျင့်များသည် ယာဉ်မောင်းနှင်သူများ သိထားသင့်သော အချက် များပင်ဖြစ်ပါသည်။ အသက်ကိုညာဏ်စောင့်သည်ဆိုသော ဆိုရိုးစကားရှိပါသည်။ သတိကြီးကြီး ထားပြီး နေထိုင်ပြုမူသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ နောက်အပတ်များတွင်တော့ မိုးရွာ သီတွင် ယာဉ်မောင်းများ ရှောင်ရန်၊ ဆောင်ရန် များကို သုံးသပ်ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။

Author