ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းများနှင့် ဆက်စပ်လုပ်ငန်းများကို လာမည့် ဩဂုတ်လဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်သွားမည်

0

Full article

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းများနှင့် ဆက်စပ်လုပ်ငန်းများကို လာမည့် ၄.၈.၂၀၂၀ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။


လတ်တလောတွင် ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ်ခြင်းလုပ်ငန်းများအား အတိုင်းအတာတစ်ရပ်အထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သဖြင့် ကာလအတန်ကြာရပ်ဆိုင်းထားခဲ့သည့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ပညာပေးသင်တန်းများနှင့် ဆက်စပ်လုပ်ငန်းများကို လာမည့် ဩဂုတ်လ ၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။
ထိုသို့ပြန်လည်ဖွင့်လှစ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် လက်အောက်ခံရုံးများအားလုံး၊ “ခ” ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများသည် အခြားလိုင်စင်ဖြေဆိုမည့်အရေအတွက်ထက် ပိုမိုများပြားသဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် “ခ” ယာဉ်မောင်းလိုင်စင်အသစ်ဖြေဆိုခြင်း မှလွဲပြီး ကျန် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းကို online booking ရယူ၍ဖြေဆိုခွင့်ရှိကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် လက်အောက်ခံရုံးများဖြစ်သော မန္တလေး တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်ရုံးတွင် “က” ယာဉ်မောင်းလိုင်စင်နှင့် “ခ” ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများသည် အခြားလိုင်စင်ဖြေဆိမည့်သူများထက်ပိုမိုများပြားခြင်းကြောင့် “က” နှင့် “ခ” ယာဉ်မောင်းလိုင်စင်အသစ်ဖြေဆိုခြင်းမှလွဲပြီး ကျန်ယာဉ်မောင်းလိုင်စင်အမျိုးအစားများအားလုံးကို ဖြေဆိုခွင့်ပြုကြောင်းသိရသည်။ နေပြည်တော်ရုံးနှင့် ကျန် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများတွင်မူ ယာဉ်မောင်းလိုင်စင်အမျိုးအစားအားလုံးကိုဖြေဆိုခွင့်ပြုကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

ခေတ္တရပ်ဆိုင်းထားသော “က”နှင့် “ခ” ယာဉ်မောင်းလိုင်စင်အသစ်ဖြေဆိုခြင်းများကို COVID-19 ရောဂါမပြန့်ပွားစေရန်အတွက် လုပ်ငန်းပမာဏနှင့် လာရောက်ဆောင်ရွက်သူအင်အား မျှတနိုင်နင်းစွာဆောင်ရွက်နိုင်သည့်အချိန်တွင် ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

Author