လမ်းအန္တရာယ်ကင်းရှင်းဖို့ မိမိကိုယ်တိုင်စတင်စို့ လှုပ်ရှားမှု ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်

0

Full article

ရန်ကုန်မြို့တွင် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိကိုယ်တိုင်စတင်စို့ ဆိုသော လှုပ်ရှားမှုတစ်ခုကို ဧပြီလ ၄ ရက်တွင် မဟာဗန္ဓုလပန်းခြံရှေ့တွင် နံနက် ၇ နာရီမှ ၉ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်း ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ Acition Aid Myanmar, Mizzima Oway Ride , YSH/FMI/SPA, Prudence Foundation , Suu Foundation , Tint Tint Myanmar Group , OK$ , Institut Francais de Birmanie, Lukoil , FPT Myanmar , Tun Group Asia , FFSS အဖွဲ့တို့ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး လမ်းဖြတ်ကူးရာတွင် သတိရှိရေး နှင့် ပြည်သူလူထုအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းအပြင် အခြားပြုပြင်ပြောင်းလည်းရေးဆိုင်ရာ ကိစ္စရပ်များကို ပညာပေးအနေဖြင့်လုပ်ဆောင်သွားမည်ဖြစ်တယ်လို့သိရသည်။ နေရာတိုင်းမှာ ယာဉ်မတော်တဆမှုတွေကြောင့် လူတွေများစွာ သေကြေနေရတယ်။ ဒါတွေကို လျော့ချနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့လည်း တစ်ဦးချင်းပါဝင်ဖို့လည်းလိုတယ်။ ပူးပေါင်းပါဝင်ဖို့လည်းလိုပါနေပါတယ် ဟု အစီအစဉ်တွင်ပါဝင်လှုပ်ရှားမည့်တာဝန်ရှိသူကပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁ဝ ခုနှစ်က ယာဉ်မတော်တဆမှု တစ်ရက်လျှင် ၂ဝ ခန့်ဖြစ်ပွားခဲ့ရာ ၂ဝ၁၆ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု တစ်ရက်လျှင် ၄၇ မှုခန့်မြင့်တက်လာပြီး တစ်နေ့လျှင် လူ ၁၄ ဦးခန့် လမ်းမပေါ်တွင် သေဆုံးနေတယ်လို့သိရပါတယ်။ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုအစီအစဉ်ကို ပြင်သစ်ယာဉ်ကျေးမှုရုံးအနေဖြင့်လည်း ဧပြီလ ၄ ရက်နေ့တွင် မြေနီကုန်း ဒဂုန်စင်တာအနီးတွင် လူထုပညာပေးအစီစဉ်တစ်ခုကို ပူးပေါင်းပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Institut France de Birmanie မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လမ်းအန္တရာယ်ကင်းရှင်းဖို့ မိမိကိုယ်တိုင်စတင်စို့ ( Start With Me Road safety)

ခေတ်သစ်

photo Credit

Author