Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance System ဆိုတာ ရှိနေတာမို့ အန္တရာယ်ကိုလွှဲပြောင်းဖို့ ဧရာမြန်မာသို့ သွားကြစို့…။

0

Full article

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅ဝကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉ဝရာခိုင်နှုန်းက ဆင်းရဲတဲ့ ကျွန်တော်တို့ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်နေပါတယ်။ မြန်မာရဲ့ရန်ကုန်မြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှု (၂၁၈)မှု ဖြစ်ခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ (၄၆)ဦးနဲ့ ဒဏ်ရာရသူ (၂၃၆)ဦး ရှိနေတော့။တစ်ရက်ကို ယာဉ်တိုက်မှု(၇)မှု၊ သေဆုံးသူ(၂)ယောက်၊ ဒဏ်ရာရသူ(၈)ယောက်နှုန်း ဖြစ်နေတာကို အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှုးရုံးက ဒုတိယရဲမှုးကြီးအောင်ကိုဦး၏ဇူလိုင်(၁၁)ရက် ပြောကြားချက်များအရ သိရှိရပါတယ်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အမျိုးသားအဆင့်ကောင်စီကို ဒုတိယသမ္မတကြီး ဦးဟင်နရီဗန်ထီးယူက ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းတာဝန် (၁၁)ရပ်ချမှတ် ဆောင်ရွက်ခဲ့ရာမှာ ဒုသမ္မတကြီးရဲ့ မှာကြားချက်က စိတ်ဝင်စားစရာပါ။ နိုင်ငံတကာမှာ လက်ခံထားတာက အသက်ကယ် ထိုင်ခုံခါးပတ်ပတ်တဲ့ အလေ့အကျင့်ကြောင့် ယာဉ်မတော် တဆမှုရဲ့ (၂ဝ)ရာခိုင်နှုန်းကို လျော့ချနိုင်ကြောင်း –

(၁) ယာဉ်မောင်းရင်း လက်ကိုင်ဖုန်းအသုံးမပြုရန်

(၂) မူးယစ်သောက်စားပြီး ယာဉ်မမောင်းကြရန်

(၃) မော်တော်ဆိုင်ကယ်စီးသူများ ဦးထုပ်ကိုစနစ်တကျ မဆောင်းဘဲမစီးကြရန်

(၄) ထိုင်ခုံခါးပတ်ပတ်သည့် အလေ့အကျင့်ကို ပြုလုပ်ကြရန် တို့ဟာအဓိကဦးစားပေးဆောင်ရွက်ကြရမယ့် ကိစ္စများဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

အန္တရာယ်တွေကတော့ ဖြစ်ပေါ်နေမြဲ ဖြစ်နေဆဲပါပဲ။ အန္တရာယ်ကျရောက်မှုကို လျော့နည်းအောင် အတိုင်းအတာမကြီးမားအောင် အဖက်ဖက်က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက် ရှိနေတာကလည်း အစဉ်အမြဲပါပဲ။ ကျရောက်မှုကို ပပျောက်အောင်၊ မဖြစ်အောင်လုပ်နိုင်ဖို့က မလွယ်ရေးချမလွယ်၊ ဒီနေ့အထိ သိပ္ပံပညာနယ်ပယ်မှာလည်း မဖန်တီးနိုင်၊ မတီထွင်နိုင်။ ဒီတော့ Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance System ဆိုတာ ရှိနေတာမို့ အန္တရာယ်ကိုလွှဲပြောင်းဖို့ ဧရာမြန်မာသို့ သွားကြစို့...။

ကိုမောင်မောင်မျိုးညွန့် Insurance A to B

Author