မောင်းနှင်သူမပါဘဲ အလိုအလျောက်မောင်းနှင်နိုင်မည့် စူပါကား

0

Full article

၂ဝ၁၅ ခုနှစ်ရဲ့ Rinspeed Budii concept နဲ့ အနည်းငယ်ဆင်တဲ့ Etos ရဲ့ Concept အသစ်ကြောင့် မိမိမောင်းနှင်နေတဲ့ စတီယာရင်ကို ခေါက်သိမ်းထားလို့ရပြီး ကားရဲ့ Dashboard မှာရှိတဲ့ autopilot mode ကိုပြောင်းလိုက်ရုံနဲ့ သင့်အတွက် ခရီးသွားရင်း စာဖတ်ဖို့အချိန် Laptop သုံးဖို့ အချိန်ပိုရသွားပါပြီ။

အရှင် ခေါက်လို့ သိမ်းလို့ရတဲ့ မျက်နှာပြင်ကျယ် monitor နှစ်ခုတွင် အသံနှင့် ထိန်းချုပ်စနစ် လက်ဟန်ခြေဟန်နှင့် ထိန်းချုပ်စနစ်တို့ပါဝင်ပြီး ထုံးစံအတိုင်း ခလုတ်တွေလည်းပါဝင်ပါတယ်။ ဒါ့အပြင် အင်တာနက်နှင့်ချိတ်ဆက်ပြီး လမ်းညွှန်မြေပုံအတွက် application၊ ဖုန်းခေါ်ဆိုရန်၊ ဆီဆိုင်များနှင့် ကားရပ်နားနေရာ ရှာဖွေရန်၊ သီချင်း၊ ဗီဒီယိုများ၊ လူမှုကွန်ယက်များ သုံးစွဲရန်အတွက်လည်း ပါရှိပါသေးတယ်။

ကားမောင်းသူမမြင်နိုင်တဲ့ နေရာများဖြစ်တဲ့ Blind-Spots များကို မြင်နိုင်ရန်အတွက် HD ကင်မရာ ၈ လုံး ပါဝင်ပြီး ၁၈ဝ ဒီဂရီ မြင်နိုင်တဲ့ မြင်ကွင်းကျယ် မော်နီတာများလည်း တပ်ဆင်ထားပါသေးတယ်။ ကင်မရာတွေဟာ လမ်းသွားလမ်းလားများကို အလိုအလျောက် သိရှိ ခြေရာခံနိုင်သည့်အပြင် လမ်းသွားလမ်းလာများကို တိုက်နိုင်ခြေရှိလျှင်လည်း ကားမောင်းသူကို သတိပေးတဲ့ စနစ်ကိုလည်း ထည့်သွင်းထားပါတယ်။

Drone လို့ခေါ်တဲ့ UFO အသေးစားလေးလို့တင်စားကြတဲ့ အပေါ်စီးမှ ဗီဒီယို ရိုက်ယူလို့ရတဲ့ ယာဉ်ငယ်လေးလည်းပါတာကြောင့် ပျော်စရာလည်းကောင်းပါသေးတယ်။ သင့်အနေနဲ့ Drone လေးနဲ့ Etos စီးရင်း Selfie ရိုက်ပြီး သင့်ရဲ့ ကားလမ်းတစ်လျှောက် မှတ်တမ်းတင်ပြီး သင့်သူငယ်ချင်းတွေနဲ့ Live video ကိုလည်း မျှဝေခံစားနိုင်ပါသေးတယ်။ Etos ကားလေးနဲ့ အပြိုင် Drone သွားနေတဲ့ ပုံက အလန်းဇယား ပြိုင်ကားလေးနဲ့ UFO အသေးစားလေး ပြိုင်နေသလို ပုံစံလေးပါပဲ။

Author