ခရီးသည်တင်ယာဉ်များ ညာမောင်းအဖြစ်တင်သွင်းလာလျှင် မှတ်ပုံတင်ပြုလုပ်ပေးမည်မဟုတ်

0

Full article


ပြည်ပနိုင်ငံအသီးသီးများမှကားများတင်သွင်းခွင့်ပေးထားရာတွင် အများပြည်သူခရီးသည်တင်ယာဉ်များ ညာမောင်းအဖြစ်တင်သွင်းလာပါက ယာဉ်မှတ်ပုံတင်တင်ပြုလုပ်ပေးမှာမဟုတ်ဘူးလို့သိရပါတယ်။

မော်တော်ယာဉ်များတင်သွင်းရာတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ အသုံးပြုတဲ့ ခရီးသည်တင်ယာဉ်တွေကို ဘယ်မောင်းအဖြစ်သာတင်သွင်းရမှာဖြစ်ပါတယ်။ပုံစံကွဲလွဲပီး တင်သွင်းလာတဲ့ကားများနဲ့ဘယ်မောင်းသတ်မှတ်ထားတာကို ညာမောင်းအဖြစ်နဲ့တင်သွင်းလာတယ်ဆိုရင် ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးမှာမဟုတ်ပါဘူး။မြန်မာနိုင်ငံတွင် လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့အတွက် ဘယ်မောင်းကားများတင်သွင်းမှူကို လုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။

ခရီးသည်တင်ယာဉ်တွေ တင်သွင်းရင် ဘယ်မောင်းသတ်မှတ်ထားတဲ့အတွက် ညာမောင်းတင်သွင်းလာမှူများရှိနေတယ်လို့လည်းသိရပါတယ်။ပြည်ပက ခရီးသည်ယာဉ်တင်သွင်းတာကို ၂ဝဝ၆ မော်ဒယ်ကနေ ၂ဝ၁၆ မော်ဒယ်အထိတင်သွင်းခွင့်ပြုထားတယ်လို့သိရပါတယ်။

ခေတ်သစ်

Author