ညာမောင်းတင်သွင်းခွင်ရမည့် လိုင်စင်သက်တမ်းများ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ကြေညာ

0

Full article

Zawgyi
ယခုနှစ် မိုဒယ်သတ်မှတ်ချက် အတိုင်း ညာမောင်းတင်သွင်းခွင့်ရမည့် လိုင်စင်သက်တမ်းများကို ယာဉ်ဟောင်းအပ် စလစ်နှင့် အပ်ကုန်ပါမစ်များ မူလအတိုင်း သက်တမ်း ၆လ အထိတိုးခွင့်ပြုသွားမှာ ဖြစ်ကြောင်း စီးပွား/ ကူးသန်းဝန်ကြီးဌာန၏ ယနေ့ (အောက်တိုဘာ ၂၄) ထုတ်ပြန်ကြေညာချက်အရသိရသည်။

တစ်ဦးချင်းပါမစ်ဖြင့် မော်တော်ယာဉ်တင်သွင်းမှုလျှောက်ထားခြင်းကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် အထိသာခွင့်ပြုပေးမည်ဖြစ်ရာ ထပ်မံသက်တမ်းတိုးခွင့်ပြုမည်မဟုတ်ကြောင်း နှင့် ၂ဝ၁၇ ခုနှစ်အတွင်းထုတ်ပေးထားသည့် လုပ်ငန်းသုံးယာဉ်လိုင်စင်များအားလုံးကိုတော့ မူလခွင့်ပြုသည့် သက်တမ်း ၃ လကုန်ဆုံးပြီး ထပ်မံ၍ သက်တမ်း တိုးလျှောက်ထားလာပါက ၂ဝ၁၈ ခုနှစ် မတ်လ ၃၁ ရက်အထိ သက်တမ်းတိုးခွင့်ပြုသွားမည်ဖြစ် ကြောင်း ယင်းထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက လျှောက်ထားသော ယန္တရားများ၊ နိဗ္ဗာန်ယာဉ်၊ သာသနာရေးယာဉ်၊ မီးသတ်ယာဉ် ၊ လူနာတင်ယာဉ် နှင့်အခြားယာဉ်များအတွက် ထုတ်ပေးထားသော ပါမစ်များ သည် မူလခွင့်ပြုထားသည့် ပါမစ် သက်တမ်း ၃ လ အတိုင်းသာ ခွင့်ပြုထားပြီး ထပ်မံ၍ သပ်တမ်းတိုးလာမှုကို ၂ဝ၁၈ ခုနှစ်မတ်လ ၃၁ ရက်အထိ ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

၂ဝ၁၇ ခုနှစ်အတွင်း ဒီဇင်ဘာလအတွင်း အရောင်းပြခန်း၊ အရောင်းစင်တာများအတွက် normal LC/TT ၊ consignment စနစ်ဖြင့် ထုတ်ပေးသည့် သွင်းကုန်လိုင်စင်နှင့် အစိုးရဌာနများအား ထုတ်ပေးသည့် သွင်းကုန်လိုင်စင်ပါမစ်များကို မူလလိုင်စင်သက်တမ်း ၃ လသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် သက်တမ်းကုန်ဆုံးပြီးပါက ပထမအကြိမ် ၂ လ ၊ ဒုတိယအကြိမ် သက်တမ်း ၁ လ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရသိရသည်။

Unicode




Author