စက်ရုံထုတ် ပုံစံမဟုတ်ဘဲ ညာမောင်းကားကို ဘယ်မောင်းကားအဖြစ် ပြုပြင် တင်သွင်းလာရင် သိမ်းဆည်းမည်

0

Full article

မူလစက်ရုံထုတ် ပုံစံမဟုတ်ဘဲ ညာမောင်းကားကို ဘယ်မောင်းကား ပြုပြင် တင်သွင်းလာရင် သိမ်းဆည်းမည် ဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနက အသိပေးကြေ်ငြာထားသည်။ "ကြီးကော်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာပါ။မူလစက်ရုံထုတ်မဟုတ်ဘဲ တင်သွင်းလာတဲ့ကားမဟုတ်ဘဲ ညာမောင်းထုတ်လုပ်ထားတာကို ဘယ်မောင်းကား ပြုပြင်ပီးသွင်းလာရင် သိမ်းဆည်းသွားပါမယ်"လို့ အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။ ပြည်ပနိုင်ငံတွေကနေ မော်တော်ယာဉ်များတင်သွင်း လာတာကို သက်ဆိုင်ရာ ကားရဲ့ စာရွက်စာတမ်း ၊ အထောက်အထား သို့မဟုတ် မြေပြင်စစ်ဆေးချက်များအရ မူလစက်ရုံထုတ် ယာဉ်မဟုတ်လျှင် တင်သွင်းခွင့်မပြုဘဲ သိမ်းဆည်းသွားမှာ ဖြစ်တယ်လို့ သိရပါသည်။
ခေတ်သစ်

Author