ရန်ကုန်တွင် ညာမောင်းကျောင်းကား ပြေးဆွဲခြင်းကို လာမည့်စာသင်နှစ်အတွက် ခွင့်ပြုပေးမည်

0

Full article

ရန်ကုန်တိုင်းအတွင်း အခြေခံပညာကျောင်းများတွင် ညာမောင်းကျောင်းကား ပြေးဆွဲခြင်းကို လာမည့်စာသင်နှစ်အတွက် ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း မတ်လ ၁၃ ရက်တွင် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကျောင်းကားပြေးဆွဲရေး ဆွေးနွေးပွဲက သိရသည်။ယခင်က ကျောင်းကားအဖြစ် ပြေးဆွဲရန် သတ်မှတ်ထားရာတွင် ဘယ်မောင်းအမျိူးအစားကားများကိုသာ ပြေးဆွဲခွင့်ပြုမည်ဟု သတ်မှတ် ထားရာ ဆရာ၊ ဆရာမများနှင့် ကျောင်းကားပြေးဆွဲရေး ပါဝင်သည့် လုပ်ငန်းရှင်များ၏ တင်ပြတောင်းဆိုမှုများကြောင့် လာမည့်စာသင်နှစ် တစ်နှစ်ကို ညာမောင်းအမျိူးအစား ကျောင်းကားများ ပြေးဆွဲခွင့်ပြုခြင်းဖြစ်ကြောင်းသိရသည်။  " စာသင်နှစ်တစ်နှစ်ကို ညာမောင်း ကျောင်းကားတွေ ပြေးဆွဲတာခွင့်ပြုလိုက်ပါတယ်။ ဘယ်မောင်း ညာအပေါ် ဖြစ်နေလို့ ညာမောင်း ဘယ်အပေါ်က်ကို ပြေးဆွဲဖို့တင်ပြလာလို့ ပြန်ခွင့်ပြုလိုက်တာပါ။၂ဝ၁၉ မှာတော့ ဘယ်မောင်းအမျိူးအစားကျောင်းကားပဲ ဝင်ရောက်ပြေးဆွဲရမှာပါ။"ဟု ကျောင်းကားပြေးဆွဲရေးဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သူ အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ကျောင်းကားအဖြစ် ယာဉ်မှတ်ပုံတင်ခွင့်ပေးရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ school bus ယာဉ်အဖြစ်သတ်မှတ်ချက်တွင် ခရီးသည် ၁ဝ ဦးနှင့်အထက် တင်ဆောင်နိုင်သော micro bus, mini bus နှင့် bus အမျိူးအစား ဘယ်မောင်းကားများကိုသာ school bus ယာဉ်အဖြစ် သတ်မှတ်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။ Regulation

Author