ရန်ကုန်မြို့အဝင်အထွက် လုပ်ဆောင်နေသည့် ကားများနှင့် လိုင်စင်မဲ့ ကားများ စစ်ဆေးရန် နည်းပညာမြင့် RFID စနစ်လုပ်ဆောင်မည်

0

Full article

![](/redline/content/images/2017/04/deadly-road-300x207.jpg)

ရန်ကုန်မြို့အဝင်အထွက် လုပ်ဆောင်နေသည့် ကားများနှင့် လိုင်စင်မဲ့ ကားများ စစ်ဆေးနိုင်ရန် Radio Frequency ID (RFID ) စနစ်ကို မကြာခင် လုပ်ဆောင်ရန် စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ ကသိရပါတယ်။ ထိုကဲ့သို RFID စနစ် လုပ်ဆောင်သွားရန် နည်းပညာနဲ့ပက်သက်တဲ့ပညာရှင်များခေါ်ယူသွားမှာ ဖြစ်ရာ ၂ဝ၁၇ ခုနှစ်အကုန်တွင် လုပ်ဆောင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းအစည်းများနဲ့ ပူးပေါ်င်း လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်မြို့တွင်းတွင် အခြားပြည်နယ်တိုင်းဒေသကြီးကနေ ဝင်ရောက်ပြေးဆွဲနေတဲ့ နယ်လိုင်စင် ကားများပြားနေပြီး လိုင်စင်မဲ့ကားများကိုလည်း ထိရောက်စွာ အရေးယူစစ်ဆေးနိုင်ရန် မော်တော်ယာဉ်နဲ့ပက်သက်တဲ့ အချက်အလက်များ ထည့်သွင်းထားသော RFID Chip ပြားအသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author