မော်တော်ယာဉ်များ၏ စည်းကြပ်အခွန်ပေးသွင်းခြင်းကို သက်ဆိုင်ရာ မြို့နယ်များတွင် သွားရောက်ဆောင်ရွက်နိုင်

0

Full article

ပြည်ပမှ တင်သွင်းလာခဲ့သည့် မော်တော်ယာဉ်များ၏ စည်းကြပ်အခွန်တန်ဖိုးပေးသွင်းခြင်းကို သက်ဆိုင်ရာ မြို့နယ်များတွင် သွားရောက်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

မော်တော်ယာဉ်များ စည်းကြပ်အခွန်ပေးသွင်းခြင်းကို တစ်ကျပ်မှ သိန်းသုံးရာတန်ကားတစ်စီးလျှင် ၁၅ ရာခိုင်နှုန်း သတ်မှတ်ထားရှိပြီး မော်တော်ဆိုင်ကယ် သုံးဘီးဆိုင်ကယ်နှင့် ထော်လာဂျီများ အပြင် ရေယာဉ်များလည်းပါဝင်ကြောင်း သိရသည်။"သက်ဆိုင်ရာ တိုင်းအဆင့်နဲ့ ပြည်နယ်အဆင့်မှာ လုပ်ပေးနေရာကနေ သက်ဆိုင်ရာ မြို့နယ်တွေကို ပြောင်းလဲလုပ်ဆောင်လို့ရပါပြီ။ ဒါကလည်း ကိုယ့်မြို့နယ်မှာ ကိုယ်သွားလုပ်မယ်ဆိုရင် လုပ်ငန်းမြန်ဆန်မှု အဆင်ပြေလာနိုင်တဲ့အတွက်ပါ" ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

မော်တော်ယာဉ်များ စည်းကြပ်ခွန် ပေးသွင်းခြင်းသည် ကြိုတင်ဝင်ငွေခွန် ကောက်ခံချက်နဲ့အညီ သက်ဆိုင်ခြင်းမရှိပဲ မြို့နယ်အခွန် ဦးစီးဌာနရုံးများတွင် ဇွ န်လတစ်ရက်နေ့မှစတင်၍ ယာဉ်တစ်စီး၏ ကာလတန်ဖိုးသတ်မှတ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ပေးမည်ဖြစ်သည်။ မော်တော်ယာဉ်ကာလတန်ဖိုးသတ်မှတ်ခြငးကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် မတ်လတွင် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ခေတ်သစ်

Author