နယ်လိုင်စင်ကားများ ရန်ကုန်မြို့တွင်းဝင်ရောက်သွားလာမှု ကန့်သတ်မည်

0

Full article

ရန်ကုန်မြို့တွင်း ဝင်ရောက်ပြေးဆွဲနေသော နယ်လိုင်စင်ကားများကို သွားလာမှုကန့်သတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့က သိရသည်။ နယ်လိုင်စင်ကားများကို မြို့ပြင်ထုတ်မည်မဟုတ်သဖြင့် အခြားနိုင်ငံများတွင် လုပ်ဆောင်နေသကဲ့သို့ အခွန်ကောက်ခံမှုများ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ "နယ်လိုင်စင်ကားတွေ မြို့ပြင်ထုတ်မယ်ဆိုတာမျိုးတော့ မဟုတ်ဘူး။ ရန်ကုန်မြို့ထဲ မဝင်လာနဲ့လို့လည်း ပြောလို့ မရပါ ဘူး။ တစ်ခြားနိုင်ငံတွေမှာ လုပ်သလို ကန့်သတ်တာမျိုး လုပ်သွားမှာပါ။ " ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အစိုးရအဖွဲ့အနေဖြင့် လာမည့် ၃ နှစ်အတွက် မြို့ပြဖွံဖြိုးမှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို စည်း ကမ်းစနစ်ကျစွာ အရှိန်မြှင့်လုပ်ဆောင်မှုများ ပြုလုပ်လာနိုင်ကြောင်းသိရသည်။ ရန်ကုန်တွင် သွားလာနေသော နယ်လိုင်စင်ကားများကို မြို့ပြင်ထုတ်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ထိုသတင်းများမှာ မဟုတ်မှန်ဘဲ တရားဝင်ကြေငြာပေးသွားမည်ဖြစ်ကြောင်း လမ်းပန်းဝန်ကြီးဒေါ်နီလာကျော်က ပြောကြား ထားခဲ့ဖူးသည်။ R-01 ![](/redline/content/images/2018/01/image_uploaded_from_ios_1024.jpg)

Author