ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးခရီးစဉ်များကို ဆက်လက်ပျံသန်းပြေးဆွဲလျက်ရှိ

0

Full article

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးစဉ်များပြေးဆွဲခွင့်ကို ယာယီရပ်နားထားသော်လည်း ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးခရီးစဉ်များကို ဆက်လက်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

လတ်တလောဖြစ်ပွားနေသော COVID-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံအစိုးရ၏ လမ်းညွှန်ချက်များနှင့်ညီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးစဉ်များပျံသန်းပြေးဆွဲမှုကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်ပြီး ယာယီရပ်နားထားခဲ့သည်။ ထို့နောက် အဆိုပါရပ်နားမှုကို မေလ (၁၅) ရက်နေ့အထိ ထပ်တိုးမြှင့်လိုက်ပြီး ထိုသို့ ယာယီရပ်နားမှုကို တိုးမြှင့်လိုက်သော်လည်း ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးခရီးစဉ်များကိုမူ ဆက်လက်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသည့် Yangon Aerodrome Co.,Ltd ၏ ကြေညာချက်အရသိရသည်။ ပြေးဆွဲမှု ယာယီရပ်နားချိန်မှ မေလ ၈ ရက်နေ့အထိတွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) တို့အပါအဝင် ပြည်ပနိုင်ငံအချို့မှ လေကြောင်းလိုင်းများမှလည်း ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အထူးခရီးစဉ်ပေါင်း (၈၁) ခုကို ပျံသန်းပြေးဆွဲပေးခဲ့ကြောင်းသိရသည်။


မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသံရုံးနှင့်ညှိနှိုင်းပြီး ၂၀၂၀ ပြည့်နှစ် မေလ ၁၂ ရက်နေ့တွင် နေရပ်သို့ပြန်လာမည့် မြန်မာနိုင်ငံသားများအတွက် Relief Flight ခရီးစဉ်အား ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းကိုလည်းသိရသည်။

Author