၂ဝ၁၄ မော်ဒယ်ဖြင့် တင်သွင်းထားသည့်ကားများကို စလစ်မကပ်ဘဲ ကနဦးမှတ်ပုံတင်ပြုလုပ်ပေးရန် တောင်းဆိုထား

0

Full article

၂ဝ၁၄ မော်ဒယ်ဖြင့်တင်သွင်းထားသည့်ကားများကို စလစ်မကပ်ဘဲ ကနဦးမှတ်ပုံတင်ပြုလုပ်ပေးရန် တင်ပြတောင်းဆိုထားရှိတယ်လို့ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ သိရပါတယ်။၂ဝ၁၇ ခုနှစ်ကားတင်သွင်းခြင်းမူဝါဒအရ ၂ဝ၁၁ မိုဒယ်မှ ၂ဝ၁၄ မိုဒယ်အထိ စလစ်ကပ် တင်သွင်းရမှာဖြစ်ရာ ၂ဝ၁၅ မိုဒယ်မှ ၂ဝ၁၇ မိုဒယ်အထိ free premit ဖြင့်တင်သွင်းရမည်ဟု သတ်မှတ်ထားရှိပါတယ်။

ထို့ကြောင့် ၂ဝ၁၄ မော်ဒယ်ကားများကို စလစ်ကပ်တင်သွင်းခြင်းမဟုတ်ဘဲ free permit ဖြင့်တင်သွင်းခွင့်ပေးရန် အတွက် Brand New ကားများတင်သွင်းရောင်းချသည့် AADA အသင်းမှ တင်ပြထားရှိတယ်လို့သိရပါတယ်။

၂ဝ၁၄ မော်ဒယ်တွေကို စလစ်ကပ်တင်သွင်းခွင့်ပေးဖို့ လာတင်ပြထားတာရှိပါတယ်။ ပေးမယ်မပေးဘူးဆိုတာတော့ ဆုံးဖြတ်ချက်မချရသေးပါဘူး။ လက်ရှိကတော့ ထုတ်ပြန်ထားတဲ့ မူဝါဒသတ်မှတ်ချက်အတိုင်း ခွင့်ပြုပေးမှာပါဟု မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် ကြီးကြပ်ရေးကော်မတီကသိရပါတယ်။

ယခုနှစ်အတွင်း ကားတင်သွင်းမှူအတွက် လိုင်စင်လျှာက်ထားပီး ခွင့်ပြုပေးခဲ့သည့် အရေအတွက် ၃ဝဝဝ ကျော်ခန့်ရှိနေတယ်လို့ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author