အမှန်တစ်ကယ် အရောင်းအဝယ်လုပ်မှသာ ယာဉ် မှန်/မမှန် လာစစ်ကြရန် တောင်းဆိုထားခြင်းသာဖြစ်ကြောင်းဟုဆို

0

Full article

ယာဉ် မှန်/မမှန်စစ်ဆေးရာတွင် ပိုင်ရှင်အမည်ပေါက်ပြောင်းလဲစေခြင်းမရှိပဲ အမှန်တစ်ကယ် အရောင်းအဝယ်လုပ်မှသာ ယာဉ် မှန်/မမှန် လာစစ်ကြရန် တောင်းဆိုထားခြင်းသာဖြစ်ကြောင်း ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က ပြောကြားခဲ့သည်။

“ယာဉ်မှန်/မမှန်စစ်ဆေးတဲ့နေရာမှာ အရင်အတိုင်း online booking စနစ်နဲ့ပဲသွားပါတယ်။ ယာဉ်မှန်/မမှန် စစ်ဆေးတဲ့အခါ အမည်ပေါက်ပြောင်းရမယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်ကနေ အရင်က တောင်းဆိုထားတာက တကယ်ရောင်းကြ၊ ဝယ်ကြမှသာ လာစစ်ကြဖို့ကို ကျွန်တော်တို့တောင်းဆိုထားတာပါ။ အဓိက ကတော့ လာစစ်စရာရှိရင် လာစစ်ကြပါ။ စစ်ပြီးလို့ အရောင်းအဝယ်လုပ်ကြပြီဆိုရင်တော့ ၂၀၂၀ မော်တော်ယာဉ် ဥပဒေအရ ပိုင်ရှင်အမည်ပေါက်မမှန်ရင် အခွန်ဆောင်ခိုင်းပါတယ်။ ဒါပေမယ့် ယာဉ်မှန်/မမှန် စစ်ယုံနဲ့တော့ အခွန်မဆောင်ခိုင်းပါဘူး။ အရောင်းအဝယ်ဖြစ်ရင်တော့ အခွန်ဆောင်ခိုင်းပါတယ်။ မနေ့ကလည်း (၁၅-၆-၂၀၂၀) တစ်နေကုန်လာစစ်သွားကြပါတယ်။ စစ်ပြီးရင် သူတို့စာအုပ်သူတို့ ပြန်ယူသွားကြတာပါပဲ။”

ဟု ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်မှ Redline Media သို့ပြောကြားခဲ့သည်။

၁၅-၆-၂၀ ရက်နေ့တွင်ရန်ကုန်တိုင်း၌ ယာဉ် မှန်/မမှန် လာရောက်စစ်ဆေးသော ယာဉ်စီးရေ ၆၀ ကျော်ရှိခဲ့ကြောင်း ကညန ညွှန်မှူးမှ ပြောကြားခဲ့သည်။

Author