အခွံချိန်း၊ အလုံးချိန်းနှင့် ဖောက်စွပ်ကားပိုင်ရှင်များ ဝယ်ယူမိသူများနစ်နာနေ၍ နိုင်ငံတော်သမ္မတထံ ကညနအား တိုင်တန်းစာပေးပို့မည်

0

Full article

မော်တော်ယာဉ်များဝယ်ယူရာတွင် အခွံချိန်း၊အလုံးချိန်းနှင့် ဖောက်စွပ်ကားများကို လက်ဝယ်တွင်ပိုင်ဆိုင်ထားသူ ယာဉ်ပိုင်ရှင်များနှင့် ဝယ်ယူမိသူများသည် နစ်နာမှုများရှိနေသဖြင့် နိုင်ငံတော်သမ္မတထံ ကညနအား တိုင်တန်းစာပေးပို့သွားမည် ဖြစ်ကြောင်း မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) ကသိရသည်။

" ဒီကားတစ်စီးထဲကို ဝယ်ရောင်းလုပ်တဲ့သူအချင်းချင်းကပဲ ပြန်ရောင်းပြီး ပြန်ဝယ်ခဲ့တာ။ အခုကားက ဖောက်စွပ်ဖြစ်နေတယ်ဆိုပြီး အသင်းကို လာတိုင်ထားတယ်။ ဒီကိစ္စကို သတင်းစာရှင်းလင်းပွဲလုပ်ပြီးမီဒီယာကို ချပြမယ်။ ပြီးရင် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံဆီကို တိုင်းကြားတဲ့စာပို့မယ်။ တကယ်ဆိုရင် အရင်ကလည်း ဒီကားတွေကို RTA ထုပြီး အခွန်နဲ့ပေးခဲ့တာပဲ။အခုလည်း အရည်ကြိုအပ်ပြီး စလစ်ထုတ်ပေးဖို့လိုတယ်။ ဒါမှမဟုတ် သင့်တင့်တဲ့အခွန်ယူပြီး မှတ်ပုံတင်လုပ်ပေးသင့်တယ်။ ဒါကို ဖောက်စွပ်လုပ်လို့ဖမ်းမယ်ဆိုတော့ ကားလက်ဝယ်ရှိတဲ့သူက အရမ်းနစ်နာပါတယ်။"ဟု မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဥက္ကဌ ဦးအောင်သန်းဝင်းကပြောကြား သည်။

မော်တော်ယာဉ်များ မူလရုပ်ပုံစံ ပြောင်းလဲလာသည်ကို စစ်ဆေးတွေ့ရှိပါ က ယာဉ်မှတ်ပုံတင် ဖျက်သိမ်း၍ လိုင်စင်မဲ့ယာဉ်အဖြစ် သတ်မှတ်ကာ ယာဉ်နှင့်ပတ်သက်သော စာရွက်စာတမ်း များသိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ၂ဝ၁၆ နှစ်အကုန် RTA ထုထားသော အခွံချိန်း၊အလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲထားသော ကားများကိုယာဉ်မှတ်ပုံတင် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Market
Update News

Author