ယာဉ်သက်တမ်းတိုးရန် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရေးအတွက် မော်တော်ယာဉ်နည်းဥပဒေထွက်ရှိလာမှသာ ဆောင်ရွက်ပေးမည်ဟုဆို

0

Full article

ယာဉ်သက်တမ်းတိုးရန် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရေးအတွက် မော်တော်ယာဉ်နည်းဥပဒေ ထွက်ရှိလာမှသာဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောကြားခဲ့သည်။

"သက်တမ်းတိုးမယ့်ယာဉ်စစ်ဖို့အတွက် ပုဂ္ဂလိကကိုချထားပေးဖို့ဆိုတာ နည်းဥပဒေထွက်လာမှ လုပ်ပေးသွားမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးလျန်ကျင့်မန် က ပြောကြားခဲ့သည်။

ထို့အပြင် မော်တော်ယာဉ်အမည်ပြောင်းခွန်ပေးဆောင်ခြင်းကို ကညန တွင်သာဆောင်ရွက်ရေးနှင့် ဝန်ကြီးဌာနအဆင့်သို့ တင်ပြထားခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းရာတွင် "အဲဒီကိစ္စက တင်ထားတုန်းပါ၊ ဆုံးဖြတ်ချက်မသိရသေးပါဘူး။ သိရတာနဲ့ပြောသွားမှာပါ။" ဟု တိုင်းဦးစီးမှူး ဦးလျန်ကျင့်မန်က ဆက်လက်ဖြေကြားသွားခဲ့သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်သက်တမ်းတိုးခြင်းနှင့် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ပုဂ္ဂလိကသို့ ခွဲဝေလုပ်ကိုင်ခွင့်ပြုရန် ယခင်အစိုးရလက်ထက်ကတည်းကစီစဉ်ခဲ့ခြင်းဖြစ်ပြီးလုပ်ငန်းလုပ်ကိုင်ရန်စိတ်ဝင်စားသော ကုမ္ပဏီများရှိနေသော်လည်း ယနေ့ထိတိုင် ချထားပေးနိုင်ခြင်းမရှိသေးပေ။

Zing

Author

Comments