မော်တော်ယာဉ်အားလုံး အမည်ပြောင်းခွန်ပေးဆောင်ခြင်းကို ကညန မှတ်ပုံတင်ပြုလုပ်ရာတွင် တစ်ပါတည်းလုပ်ဆောင်ပေးရန်ရှိ

0

Full article

မော်တော်ယာဉ်အားလုံး အမည်ပြောင်းခွန်ပေးဆောင်ခြင်းကို ကညန မှတ်ပုံတင်ပြုလုပ်ရာတွင် တစ်ပါတည်းလုပ်ဆောင်ပေးရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တင်ပြထားရှိကြောင်း သိရသည်။ မော်တော်ယာဉ် အရောင်းအဝယ်ပြုလုပ်ရာတွင် ယာဉ်လက်ဝယ်ပိုင်ရှင်ရှိသူ၏ အမည်ပေါက်ပြောင်းလဲခြင်း၊ နေရပ်လိပ်စာမှန်ကန်ခြင်းများအား ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန်၊ မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်ပြီးပါက ယာဉ်ပိုင်ရှင်အမည်သို့ တစ်ပါတည်းပြောင်းလဲသွားရန်၊ ယာဉ်လက်ဝယ်ရှိသူမှ နေရပ်လိပ်စာပြောင်းလဲမည်ဆိုလျင် သက်ဆိုင်ရာကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ သွားရောက်အကြောင်းကြားကာ လိပ်စာပြောင်းလဲမှုကို လျှောက်ထားလုပ်ဆောင်သွားရန် တင်ပြထားရှိကြောင်း သိရသည်။

"မော်တော်ယာဉ်တွေ နေရပ်လိပ်စာအမှန်ဖြစ်ဖို့အတွက် လုပ်ဆောင်သွားဖို့ရှိတယ်။ ယာဉ်အရောင်းအဝယ်ပြုလုပ်တဲ့စာချုပ် ချုပ်ပြီးပြီဆိုရင် အချိန်တစ်ခုပြီးတာနဲ့ ပိုင်ရှင်အမည်ပေါက်ပြောင်းရမယ်။ အမည်ပြောင်းခွန်ကို ကညန ရုံးမှာမှတ်ပုံတင်ပြီး တစ်ပါတည်းလုပ်ဆောင်ဖို့ကို ဝန်ကြီးရုံးထံကိုတင်ပြထားတယ်။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ အခွန်ကောက်ဥပဒေအရ မော်တော်ယာဉ်များအား အမည်ပြောင်းခွန်အတွက် သတ်မှတ်ထားရာတွင် ကျပ်သိန်း ၃ဝဝ နှင့်အောက်ကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ အထက်မှ ကျပ်သိန်း ၁,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်း ကောက်ခံနေရာ အခွန်ငွေများပြားလွန်းသည့်အတွက် အမည်ပြောင်းခွန်ပေးဆောင်ရခြင်းအား လူတိုင်းပေးဆောင်နိုင်သော အခွန်မျိုးဖြစ်စေရန် ရာခိုင်နှုန်းတစ်ခုအထိ လျှော့ချပေးရန်လိုအပ်နေကြောင်း ကားပိုင်ရှင်များက ဝေဖန်ပြောဆိုနေကြသည်။

Author

Comments