ရန်ကုန်မြို့အတွင်း ကွန်ကရစ်ဘလောက်တုံး လေးသောင်းကျော်ရှိရာ ဘလောက်တုံး တစ်ရာနီးပါးကိုဖယ်ရှားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်တွင် ယာဉ်သွားလမ်းနေရာများ၌ ယာဉ်မတော်တဆမှူဖြစ်ပါကရပ်တန့်စေရန်နှင့် ယာဉ်လမ်းကြောင်းများပိုင်းခြားထားသော ကွန်ကရစ်ဘလောက်တုံး ၄ဝဝဝဝ ကျော် အသုံးပြုချထားရာမှ ၁ဝဝ နီးပါး ဖယ်ရှားသွားမည်ဖြစ်သည်။ ထိုသို့ ကွန်ကရစ်ဘလောက်တုံးများဖယ်ရှားရခြင်းမှာ ယာဉ်မတော်တဆမှူဖြစ်ပွားရာတွင် ဘလောက်တုံးကို ထိခိုက်မှူကြောင့် ပိုမိုဆိုးရွားစွာဖြစ်ပေါ်နိုင်သဖြင့် ဖယ်ရှားရခြင်းဖြစ်ကြောင်းသိရသည်။

ယခင်အစိုးရလက်ထပ်တွင် ရန်ကုန်မြို့တွင် ဘလောက်တုံးအရေအတွက် ၄၄ဝဝဝ ကျော်အား ခရီးသည်တင် ယာဉ်လမ်းကြောင်းသတ်မှတ်ရန်ချထားဆောင်ရွက်ခဲ့ပြီး ယခုအစိုးရသစ်လက်ထပ်တွင် မလိုအပ်သည့်နေရာများနှငိ့ ယာဉ်မတော်တဆမှူဖြစ်ပွားနိုင်သောနေရာများတွင် ဘလောက်တုံးများ ဖယ်ရှားသွားမည်ဖြစ်သည်။

ကွန်ကရစ်ဘလောက်တုံးတွေကိုဖယ်ရှားတာက ယာဉ်အန္တရယ်ဖြစ်ရင် ထိခိုက်တာလျော့နည်းစေဖို့အတွက်ပါ။နောက်ထပ်လည်းမလိုအပ်တဲ့နေရာတွေမှာဖယ်ရှားသွားဖို့ရှိပါတယ်။အခုလက်ရှိအဓိကနေရာဖြစ်တဲ့ လမ်းမကြီးတွေမှာ ဖယ်ရှားနေပါပီ။ဘလောက်တုံးအရေအတွက် ၁ဝဝ လောက်ကိုဖယ်ရှားသွားဖို့ရှိပါတယ်ဟုရန်ကုန်မြို့တော်စည်ပင်အင်ဂျင်နီယာဌာနမှ ပြောခွင့်ရသူတစ်ဦးမှ ပြောကြားသွားသည်။

ယာဉ်သွားလာမှူများပြားပီးယာဉ်အန္တရယ်ဖြစ်စေနိုင်သည့် ကမ်းနားလမ်း ပြည်လမ်း ကမ္ဘာအေးဘုရားလမ်း နှင့်တစ်ခြားလမ်းမကြီးများတွင် ဘလောက်တုံးများဖယ်ရှားသွားမည်ဖြစ်သည်။

ခေတ်သစ်

Author