Full article ရန်ကုန် မြို့တွင် ယာဉ်လမ်းကြောင်းရှုပ်ထွေးမှုများသည့် နေရာများတွင်ရှိသော ဘလောက်တုံးများချထားမှုကို ပြန်လည်ဖယ်ရှားသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဘလောက်တုံးများ ဖယ်ရှားရာ၌ ယာဉ်လမ်းကြောရှုပ်ထွေးပြီး ယာဉ်အန္တရာယ်ဖြစ်စေနိုင်သည့်ပြည်လမ်း ကမ္ဘာအေးဘုရားလမ်း ကမ်းနားလမ်း အင်းစိန်လမ်းမကြီး ၅ နေရာရှိ ဘလောက်တုံးများကို ဖယ်ရှားသွားမည်ဖြစ်ကြောင်းသိရသည်။ရန်ကုန်မြို့တွင် ဘလောက်တုံးအရေအတွက် ၁ဝဝဝဝ ကျော်ခန့် အသုံးပြုထားရှိပြီး ကွန်ကရစ်ဘလောက်တုံးများထက် နိုင်ငံတကာတွင်အသုံးပြုသည့် ရေထည့်တိုင်ကီများကိုသာအစားထိုးသုံးဆွဲပါက ယာဉ်အန္တရာယ်ဖြစ်ပွားရာတွင်ထိခိုက်မှုနည်းပါးသွားမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များကသုံးသပ်ထားကြသည်။ Share this! FACEBOOK TWITTER
Previous Car Reviews May 25, 2016 Auto Express မှ ၂ဝ၁၆ ခုနှစ်အတွက် ရွေးချယ်ပေးလိုက်တဲ့ အကောင်းဆုံး ထိပ်တန်း ကားငယ်လေး ၁ဝ စီး
Next Latest News May 27, 2016 ဇွန်လ ၁ ရက်မှစ၍ ဝင်ငွေခွန်ပေးဆောင်ခြင်းကို ပန်းဆိုးတန်းရှိ custom ရုံးတွင် ချလံထုတ်ပေးမည်