သက်တမ်းတိုးရန်ကျန်ရှိနေသေးသည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များကို အမြန်ဆုံးလာရောက်သက်တမ်းတိုးကြရန် အသိပေးကြေညာထား

0

Full article

သက်တမ်းတိုးရန်ကျန်ရှိနေသေးသည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များကို အမြန်ဆုံးလာရောက်သက်တမ်းတိုးကြရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် COVID -19 ရောဂါကြောင့် ဝန်ဆောင်မှုလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး မော်တော်ယာဉ်သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးလုပ်ငန်းများကို ၈.၆.၂၀၂၀ ရက်နေ့တွင် ပြန်လည်လက်ခံဆောင်ရွက်ပေးခဲ့ပြီး ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းစဉ်ကာလအတွင်း သက်တမ်းတိုးဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် မော်တော်ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းလိုင်စင်ပိုင်ရှင်များကို ပေးဆောင်ရမည့် ဒဏ်ကြေးများကို ကာလတစ်ခုသတ်မှတ်ကာ ကင်းလွတ်ခွင့်ပေးခဲ့သည်။ ထိုသို့ကင်းလွတ်ခွင့်ပေးရာတွင် တစ်နိုင်ငံလုံးရှိ မတ်လနှင့် ဧပရယ် လများတွင် သက်တမ်းကုန်သည့်မော်တော်ယာဉ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မတ်လ ၂၅ ရက်နှင့် ဧပရယ်လ ၃၀ ရက်နေ့တို့တွင် သက်တမ်းကုန်သည့် ယာဉ်မောင်းလိုင်စင်များ၊ အခြားပြည်နယ်နှင့်တိုင်းများရှိ မတ်လ ၃၀ ရက်နေ့နှင့် ဧပရယ်လ ၃၀ ရက်နေ့အတွင်း သက်တမ်းကုန်မည့် ယာဉ်မောင်းလိုင်စင်များကို ယခုလဖြစ်သည့် ဇူလိုင်လကုန်အထိ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးခဲ့ပြီး အချိန်မီလာရောက်သက်တမ်းတိုးကြရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာခဲ့သည်။ ယခုအခါ ဇူလိုင်လကုန်ရန် နီးကပ်လာပြီဖြစ်သဖြင့် အထက်ပါ သက်တမ်းကုန်မည့် မော်တော်ယာဉ်များနှင့် ယာဉ်မောင်းလိုင်စင်များအနေဖြင့် အချိန်မီသက်တမ်းတိုးမှသာ ဒဏ်ကြေးကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသဖြင့် ဇူလိုင်လမကုန်မီ အချိန်မီလာရောက်သက်တမ်းတိုးကြရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနိုးဆော်ထားပါသည်။


ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကညနရုံးများတွင် လာရောက်သက်တမ်းတိုးမည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်ပိုင်ရှင်များအနေဖြင့် ယခင်က လတစ်လ၏ နောက်ဆုံး ၂ ရက်တွင် online booking မယူပဲ လာရောက်သက်တမ်းတိုးနိုင်ခဲ့သော်လည်း ယခုအခါ မည်သည့်ရက်တွင်မဆို online booking ရက်ချိန်းရယူရမည်ဖြစ်ကြောင်းကိုလည်း ထပ်မံအသိပေးကြေညာထားပါသည်။

Author