ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့သည်ဥပဒေမဲ့ ဆောင်ရွက် နေခြင်း မဟုတ်ဟု ဒေါ်နီလာကျော်

0

Full article

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) သည် ဥပဒေမဲ့ ဆောင်ရွက်နေခြင်းမဟုတ်ဟု ဇွန် ၈ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA နှင့် ပတ်သက်သော လိုက်နာကျင့်သုံးရမည့် ဥပဒေနှင့် နည်းဥပဒေများ တိကျစွာ ထွက်ပေါ်လာရေး မည်ကဲ့သို့ စီမံဆောင်ရွက်ထားကြောင်းနှင့် လွှတ်တော်အတွင်း ဆွေးနွေးနိုင်မည့် နေ့ရက်အားသိရှိလိုပါကြောင်း၊ စနစ်စတင်ပြောင်းလဲစဉ်က ကားခငွေပေးချေနိုင်မည့် နေ့ရက်အား သိရှိလိုပါကြောင်း၊ စနစ်စတင်ပြောင်းလဲစဉ်က ကားခငွေပေးချေနိုင်မည့် ငွေဖြည့်ကဒ်စနစ်အား(၃) လအတွင်း ကျင့်သုံးမည်ဟု သိရှိရသော်လည်း ယနေ့ထိတိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့YRTA ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယာဉ်ကြောကြပ်တည်းမှုအား အတိုင်းအတာတစ်ရပ်အထိ ဖြေရှင်းပေးနိုင်ရေးနှင့် YBS ယာဉ်များ စည်းကမ်းထိန်းသိမ်းရေးအတွက် ဒဂုံမြို့နယ်၊ အလုံလမ်းတွင် ဆောင်ရွက်နေသော ခေတ်မီမီးပွိုင့်စနစ် ထိန်းချုပ်ရေးစင်တာအနေဖြင့် မည်သည့်နေ့ရက်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်းကို ဒဂုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) ဦးကျော်ဇေယျ၏ မေးမြန်းမှုကို ဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"YTRA ဆိုတာ ဥပဒေမဲ့ ဆောင်ရွက်နေတာ မဟုတ်ပါဘူး။ ပုဂ္ဂလိကမော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ ဥပဒေတစ်ခုသာဖြစ်ပါတယ်။ လက်ရှိမှာ YTRA သည် မော်တော်ယာဉ်၊ ဘတ်စ်ကား၊ အများပြည်သူသယ်ပို့ဆောင်ရေးလုပ်ငန်းရော၊ ကိုယ်ပိုင်မော်တော်ယာဉ်များရော၊ ကုန်တင်ယာဉ်များရော၊ ကုန်းလမ်း၊ ရေလမ်းအားလုံးအပါအဝင် လက်ရှိတည်ဆဲဥပဒေများနဲ့အညီ ညီညွှတ်စွာဆောင်ရွက်နေပါတယ်" ဟု ဝန်ကြီးဒေါ်နီလာကျော်က ရှင်းလင်းပြောကြားခဲ့သည်။၂ဝ၁၉ ခုနှစ်တွင် လိုအပ်သောဥပဒေ၊ နည်းဥပဒေများပေါ်ထွက်လာရေးအတွက်ကိုလည်း လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း၊ လိုအပ်သောဥပဒေတစ်ရပ်မပြုစုနိုင်သေးမီ YRTA သည် ကြီးကြပ်ကွပ်ကဲမှု၌ ရှိနေသော မော်တော်ယာဉ်များ၊ ရေလမ်းပို့ဆောင်ရေး၊ ကုန်လမ်းပို့ဆောင်ရေးအစရှိသော မော်တော်ယာဉ်များ၊ မီးရထားအပါအဝင်အားလုံးကိုလက်ရှိပြည်ထောင်စုဥပဒေများနှင့်အညီ စီမံကြီးကြပ်ဆောင်ရွက်နေကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုသွား
ခဲ့သည်။

Breaking News

Unicode Version




Author