ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတွင် ယာဉ်မှတ်ပုံတင်ထားသော စာရင်းများ၊ ကားမိုဒယ်အလိုက်တောင်းခံ ထားပြီး ဖျက်သိမ်းစာရင်းဝင် အိုဟောင်းကားစာရင်းများ တောင်းခံထားရှိသည်ဟု သိရပါသည်။
"မှတ်ပုံတင်ထားတဲ့ကားတွေ မိုဒယ်အလိုက်ကို အတိုင်ပင်ခံရုံးက စာရင်းတွေကို တောင်းထားတယ်လို့ သိရတယ်။ တစ်ချိူ့ဖျက်သိမ်းမယ့် ကားဟောင်းတွေရဲ့ စာရင်းတွေကို လည်းတောင်းထားတယ်ကြားတယ်။ အိုဟာင်းယာဉ်က မဖြစ်မနေ ဖျက်သိမ်းလို့လည်းရသလို မဖျက်သိမ်းဘဲ စီးနေလို့လည်းရတယ်။"လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၂ဝ၁၇ ခုနှစ် မတ်လ ၁ ရက်အထိ မော်တော်ယာဉ်အစီးရေ ၉,၃၁,၃၁၂ စီး မှတ်ပုံတင် ပြုလုပ်ထားရှိပြီး ဖြစ်ရာ ယာဉ်အိုယာဉ်ဟောင်း ၁၉၉၈ မိုဒယ် သက်တမ်း နှစ် ၂ဝ ကားများကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ လတွင် စတင်အပ်ခွင့်ပေးမည် ဖြစ်ကြောင်းသိရသည်။
P-01
Unicode Version
P-01