စည်းကမ်းပျက် YBS ကားများအရေးယူရန် ပြစ်ဒဏ်များတိုး မြင့်ပြင်ဆင်မည်

0

Full article

စည်းကမ်းဖောက်ဖျက်သော YBS ကားများ ထိရောက်စွာ အရေးယူနိုင်ရန် မထသ သတ်မှတ်ထားသော စည်းကမ်းချက် ၁၃၈ ချက်အား အသစ်ပြန်လည် ပြင်ဆင်သွားမည်ဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူအာဏာပိုင်အဖွဲ့ က သိရပါသည်။

YBS ကားများ ယာဉ်လိုင်းပိတ်သိမ်းသည့် စည်းကမ်းချက်အချိူ့ ကို ပြန်လည် ပြင်ဆင်၍ ရေးဆွဲနေရာ အသစ်ထပ်တိုးလာသည့် အချက်များ ပါဝင်လာကြောင်း သိရပါသည်။

"စည်းကမ်းချက်တွေ ပစ်ဒဏ်တွေ အသစ်ပြန်ပြန်ဖို့လုပ်နေတယ်။ ထပ်တိုးလာတဲ့ အချက်တွေလည်းရှိတယ်။နောက်ထပ်ထွက်တာတဲ့ စည်းကမ်းချက်တွေလည်းရှိတော့ ထိထိရောက်ရောက် လုပ်နိုင်ဖို့ လုပ်နေပါတယ်။"လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူအာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦး က သိရပါသည်။

အရေးယူဆောင်ရွက်နေသော်လည်းအရေးယူနေသည့် ကြားထဲက ထပ်မံပြီးကျူးလွန်မူများ ရှိနေသည့်အတွက် ပြစ်ဒဏ်များကို တိုးမြင့်ရန်နှင့် အရေးယူများကို လည်းတိုးမြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျပ်စစ် ၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၃ဝ ရက်က ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင်ပြောဆိုထားပါသည်။

YBS ကားများတွင် GPS စနစ်များတပ်ဆင်ထားရှိပီး ထိန်းချူပ်ရေးစင်တာကနေ စောင့်ကြည့် အရေးယူမှူများလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါသည်။

R-01

Author