တိုယိုတာကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ wheel alignment service လုပ်ဖူးသောကားများသာ ပြန်လည်တပ်ဆင်ချိန်တွင် Nut အချို့ကို သေချာမတပ်ဆင်ထားခဲ့ပါက အထက်ပါ ဆွေးမြေ့ပျက်စီးပြုတ်ထွက်သည့် အန္တရာယ်ရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ တိုယိုတာကုမ္ပဏီအနေဖြင့်လည်း သူ၏ Maintenance Guide ကိုပြန်လည် ပြင်ဆင်ပြီး အထက်ပါ ပြဿနာများမရှိအောင်မည်သို့ပြုပြင်ရမည်စသည်တို့ကိုမကြာမီအချိန်အတွင်းထုတ်ဝေသွားမည်ဟုဖြေကြားခဲ့သည်။
ယခုလို ယာဉ်ပြဿနာကို ဦးစွာတွေ့ရှိခဲ့သည့်ဌာနမှ အမေရိကန်နိုင်ငံ National Highway Traffic Safety Administration (NHTSA) ဖြစ်သည်။ ယင်းဌာနမှ June 4 မှ စ၍ အထက်ပါပြဿနာများဖြစ်သော 2006-2008 မော်ဒယ် RAV4s ၄၆ဝဝဝဝ ခန့်ကို စစ်ဆေးလေ့လာခဲ့ခြင်းမှ ဤ Rear Suspension ပြဿနာကို ကောက်ချက်ချနိုင်ခဲ့ခြင်းဖြစ်သည်။ NHTSA ၏အဆိုအရ ဖြစ်နိုင်ချေအရမ်းနည်းသော်လည်း Rear Suspension ပြုတ်ထွက်ပါက ယာဉ်ကိုထိန်းချုပ်မှုကင်းမဲ့သွားနိုင်ပြီး ဘေးအန္တရာယ်များရှိနိုင်ခြင်းကြောင့် တိုယိုတာကုမ္ပဏီကို ယခုလို ကားများပြန်လည် အပ်နှံစစ်ဆေးပေးရန် စေခိုင်းလိုက်ခြင်းဖြစ်ပါသည်။
မြန်မာပြည်တွင်လည်း RAV4s များ အင်မတန်လူကြိုက်များကြောင်း ကျွန်တော်တို့သိရပါသည်။ သို့သော် ကားအများစုမှာ ဂျပန်နိုင်ငံမှသွင်းထားခြင်းဖြစ်၍ ဤသတင်းကြောင့် မိတ်ဆွေတို့ စိုးရိမ်ကြောင့်ကြဖြစ်ရန်မလိုပါ။ သို့သော် – သင်၏ RAV4 သို့မဟုတ် Lexus HS250h ကို အမေရိကန်မှ သွင်းခဲ့သည်ဆိုလျှင်တော့ စိတ်ပူရမည့်အခြေအနေတစ်ခုဖြစ်ပါသည်။
MyanmarCarsDB – Yangon – 3 Aug 2012
Reference: Reuters