ဆိက်ကမ်းများတွင် သိမ်းဆည်းထားသော ကားများကို ဌာနဆိုင်ရာများအသုံးပြုရန်ပေးမည်

0

Full article

ဆိပ်ကမ်းအသီးသီးတွင် ပြည်ပမှ တင်သွင်းလာတဲ့ ကားများကို သတ်မှတ်စည်းကမ်းချက်နဲ့ မကိုက်ညီဘဲ တင်သွင်းလာသောကားများအား သိမ်းဆည်းထားခဲ့သည်။ထိုကားများထဲမှ အချို့ကားများကို လေလံမပစ်ဘဲ ဝန်ကြီးဌာနများတွင် ရုံးလုပ်ငန်းများအသုံးပြုရန် ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့သိရသည်။ဆိပ်ကမ်းမှာ သိမ်းထားတဲ့ကားတွေကို လိုအပ်တဲ့ ဝန်ကြီးဌာနတွေကိုပေးသွားမှာဖြစ်ပါတယ်။

ဆိပ်ကမ်းမှာ ကားလာထုတ်တဲ့အခါအခွန်တွေမပေးဆောင်ရပါဘူး။ကားတွေကို အဆင်သင့်လုပ်ပေးထားပါတယ်လို့ သီလဝါ ဆိပ်ကမ်းမှတာဝန်ရှိသူကပြောပါတယ်။

ဆိပ်ကမ်းများတွင် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းထားသည့် ကားအစီးရေ ၂ဝဝဝ နီးပါးရှိနေရာ အခု ကားအစီးရေ ၁ဝ၈ဝ စီးပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။လေလံတင်ပြန်လည်ရောင်းချမယ့်ကားများကို လေလံပစ်မည့် အစီအစဉ်မလုပ်တော့ဘဲ ဝန်ကြီးဌာနဆိုင်ရာများအား ဌာနလုပ်ငန်းများအသုံးပြုနိုင်ရန်အတွက် ပေးအပ်တာဖြစ်တယ်လို့သိရပါတယ်။ယခုပေးအပ်မည့် ကားအစီးရေ ၇၃ဝ တွင် လိုအပ်ချက်ရှိ၍ တရားဝင်စာဖြင့် တောင်းခံထားသည့် ဌာနဆိုင်ရာများသာ ပေးအပ်ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတရုံးနှင့် အရေးကြီးပုဂ္ဂိုလ် အဆောင်အယောင်များအဖြစ် ပေးအပ်သွားမည့် ကားများထဲတွင် တန်းဖိုးကြီးမြင့်သည့်ကားများပါဝင်နေကြောင်း သိရသည်။

ခေတ်သစ်

Photo Credit





Photo Credit

Author