Full article

တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၏ ထောက်ခံချက်ဖြင့် အငှားပါမစ်များကို ချပေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ကုမ္ပဏီ ၈၄ ခု၊ မန္တလေးတိုင်းဒေသကြီး အတွင်း တွင်ကုမ္ပဏီ ၂၃ ခု၊ ဧရာဝတီတိုင်း အတွင်းတွင် ကုမ္ပဏီ ၁၆ခု၊ ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ကုမ္ပဏီ ၄ခု၊ ရှမ်းပြည်နယ်တွင် ကုမ္ပဏီ ၇ ခု နှင့် ကျန်ပြည်နယ်နှင်တိုင်းများတွင် ကုမ္ပဏီတစ်ခုစီကို အဌားယာဉ်အစီးရေ ၅ဝ စီ ပါမစ်များချထားပေးခဲ့ကြောင်း သိရသည်။

images-3-200x120

အဌားယာဉ်များကို ကနဦး မှတ်ပုံတင်ပြုလုပ်ပေးရာတွင် AA အက္ခရာကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင်၄င်း၊ BB အက္ခရာကို ဖေဖော်ဝါရီ ၅ ရက်တွင်၄င်း၊ CC အက္ခရာကို ဇွန်လ ၂၅ ရက်တွင်၄င်း၊ နိုဝင်ဘာလ ၂၈ ရက်တွင်၄င်း မှတ်ပုံတင်များကိုပြုလုပ်ပေးခဲ့သည်။

အဌားယာဉ်များကို ကနဦး မှတ်ပုံတင် ဲပြုလုပ်ပေးခြင်းနှင့်ပတ်သတ်၍ ရွာသာကြီး ကညန ရုံးမှတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ဒုတိယပတ်အထိ ရာသတ်ပန် အဌားယာဉ်နံပါတ်နဲ့ ငွေသွင်းပြီး အုံနာဘုတ်အဝိုင်းထုတ်ပေးခဲ့တဲ့ စာရင်းအရ AA အက္ခရာမှာ ၈,၂၄၉ စီး၊ BB အက္ခရာမှာ ၈,ဝ၆၂ စီး၊ CC အက္ခရာမှာ ၇,၃၂၂ စီးရှိပြီး စုစုပေါင်း AA, BB, CC သုံးခုပေါင်း အစီးရေ ၂၃,၆၃၃ စီး မှတ်ပုံတင်ပြုလုပ်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: Automobile

Author