Jaguar Land Rover မှ မိုးရာသီအထူး promotion ချကာ ကားများရောင်းချပေးသွားမည်

0

Full article

Jaguar XJL

Jaguar Land Rover (Myanmar)မှ Jaguar XJL၊ Land Rover Autobiography နှင့် Land Rover All-New Discovery ကားအမျိုးအစားသုံးမျိုးကို မိုးရာသီအထူးဈေးနှုန်းဖြင့် ဇူလိုင်လ ၁၅ ရက်နေ့ကနေ သြဂုတ် လ ၃၁ အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Land Rover All-New Discovery

Range Rover Autobiography နှင့် Land Rover All-New Discovery တို့ကို ဝယ်ယူပါက ကျပ်သိန်း ၂ဝဝ ခန့်တန်ကြေးရှိသည့် လက်ဆောင်အဖြစ် ရန် ကုန်လိုင်စင်နှင့် တစ်နှစ်စာ အလုံးစုံမော်တော်ယာဉ်
အာမခံကို ထပ်ပေါင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Jaguar XJL ကားကို ဝယ်ယူပါကလည်း အထူးဈေးနှုန်းဖြင့် ရောင်းချပေးသွားမည့်အပြင် တစ်နှစ်စာ အလုံးစုံမော် တော်ယာဉ် အာမခံနှင့် car accessories များကို လက်ဆောင်ပေးသွားမည်ဟု သိရသည်။

Range Rover Autobiography

ထို့အပြင် Jaguar Land Rover (Myanmar) မှ တင်သွင်းရောင်းချသော မည်သည့်ကားအမျိုးအစားကိုမဆို ၅ နှစ်အာမခံ ထပ်မံပေးအပ်သွားမည်ဖြစ်ပြီး မိုးရာသီအတွင်း ရောင်းချသွားမည့် ကားအမျိုးအစားများကို အရေအတွက်ကန့်သတ်ထားကြောင်းသိရသည်။

Author