ကန်ဒေါ်လာ ၃ဝ၁.၂၉ သန်း အသုံးပြု၍ မြို့ပတ်မီးရထားလမ်း အဆင့်မြှင့်တင်မည်

0

Full article

Photo Credit

မြို့ပတ်မီးရထားလမ်း အဆင့်မြှင့်တင်မှုကို ဂျပန် ODA ချေးငွေနှင့် အစိုးရဘတ်ဂျက်တို့ဖြင့် ကန်ဒေါ်လာ ၃ဝ၁.၂၉ သန်း အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။အဆိုပါ စီမံကိန်းကို ဂျပန်ချေးငွေ ကန်ဒေါ်လာ ၂ဝ၆.၅၃ သန်းနှင့် အစိုးရဘတ်ဂျက် ၉၄.၇၆ သန်းဖြင့် အသီး သီးထည့်ဝင်ထားကြခြင်းဖြစ်သည်။ "မီးရထားလမ်းပိုင်းတွေကို အဆင့်မြှင့်တင်တဲ့ စီမံကိန်းကို ဆောင်ရွက်မှာဖြစ်လို့ ခရီးစဉ်တွေ အရင်လိုပဲပုံမှန်သွားလို့ရအောင် လုပ်ထားပါတယ်။ ရထားလမ်းနဲ့ ကားလမ်း ဖြတ်သွားတဲ့ ဂိတ်တွေကိုလည်း အောတိုစနစ် နဲ့ လုပ်ဆောင်သွားမှာပါ။ "ဟု မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးဦးသူရိန်ဝင်းက ပြောပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရာတွင် ယခုနှစ် အောက်တိုဘာ ၁ မှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃၁ အထိ ၇.၂၅မိုင်ရှိ အရှေ့ခြမ်း အပိုင်း(၁) တညင်းကုန်း-ပုရွက်ဆိပ်ကုန် ရထားလမ်းပိုင်း နှင့် ၂ဝ၁၈ ဖေဖော်ဝါရီ ၁ မှ မေလ ၃၁ အထိ ကို ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း (အရှေ့ခြင်း) ပုရွက်ဆိတ်ကုန်းရန်ကုန်(ပုဇွန်တောင်)ရထားလမ်းပိုင်းတို့ကိုစီမံချက်ချဆောင်ရွက်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း(အနောက်ခြမ်း) ရထားလမ်းအဆင့်မြှင့်တင်ရတွင် ဒညင်းကုန်း-အင်းစိန် ရထားလမ်းပိုင်းအပိုင်း(၁) ကို ၂ဝ၁၈ အောက်တိုဘာ ၁ မှဒီဇင်ဘာ ၃၁ အထိ ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ ၂ဝ၁၉ ဇန်နဝါရီ ဝါရီ ၁မှ ၂ဝ၁၉ခု မတ်လ ၃၁ အထိ အပိုင်း(၂) အင်းစိန်-ကြီးမြင့်တိုင် လမ်းပိုင်းတို့ကို လည်းကောင်း၊ ကြည့်မြင်တိုင်- ရန်ကုန် ရထားလမ်းပိုင်း အပိုင်း(၃) ကို၂ဝ၁၉ခုနှစ် ဧပြီ ၁ မှ မေ ၃ အထိ လည်းကောင်း စီမံချက်ချဆောင်ရွက်သွား မည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့မီးရထားမြို့ပတ်လိုင်းတွင် ရထားကြီး ၁၃ ဆိုင်း၊ BRE ၁၂ ဆိုင်း၊ စုစုပေါင်း ၂၅ ဆိုင်းဖြင့် ပြေးဆွဲနေခြင်း ဖြစ်ပြီး ခေါက်ရေအားဖြင့် တစ်နေ့လျှင် ၂၂ဝ ခေါက်ပြေးဆွဲလျက်ရှိကာ ခရီးသည် ၉ သောင်း ခန့်ကို နေ့စဉ် ပို့ဆောင်လျက်ရှိကြောင်းသိရသည်။

ခေတ်သစ်

ခတျေသဈ

Author