Full article

ရန်ကုန်မြို့တွင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်နေမှုများအား နေရာနှစ်ဆယ်တွင် စောင့်ကြပ်ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း 'အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံး'မှ သိရသည်။

Racing

ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှု များအား စစ်ဆေးဖမ်းဆီး ဆောင်ရွက်ရန်အတွက် ယာဉ်စစ်ပိတ်ဆို့ အဖွဲ့များ ဖွဲ့စည်း၍ ညစဉ် အဖွဲ့ ၁ဝ ဖွဲ့ ဖွဲ့စည်းကာ ပြိုင်ကား ယှဉ်ပြိုင် မောင်းနှင်မှု အများဆုံးပြု လုပ်လေ့ရှိသည့်နေရာ နှစ်ဆယ် တွင် စောင့်ကြည့်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သိရသည်။ "ပြိုင်ကားတွေ ယှဉ်ပြိုင် မောင်းနှင်မှုက လူခြေတိတ် တဲ့ ညအချိန်တွေမှာ ဖြစ်တာများတယ်၊ ဒါကြောင့် ညပိုင်းအချိန် လူရှင်းတဲ့ ည ၁ဝ နာရီကျော်ကနေ မနက် ၄ နာရီအထိ ပြိုင်ကားဖမ်းဆီးရေးအဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေး ဖမ်းဆီး မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ "ပြိုင်ကားတွေ ပြိုင်မောင်းနေတာတွေက ယာဉ် မတော် တဆမှုတွေ ဖြစ်လာနိုင်တယ်၊ လမ်းအသုံးပြုသူတွေကို ထိခိုက်စေနိုင်တယ်၊ ပြီးတော့ အုပ်စုဖွဲ့ပြီး ရာဇဝတ်မှုကျူး လွန်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါတွေကို ကြိုတင် ကာကွယ်မှု ပြုလုပ်ပြီး တားဆီးသွားမှာဖြစ်ပါတယ်"ဟု 'အမှတ်(၆) ယာဉ်ထိန်းရဲတပ် ခွဲဖွဲ့မှူးရုံး'မှ ရဲအုပ်ဝင်းလွင်ကဆိုသည်။ ပြိုင်ကားယှဉ်ပြိုင်မောင်းနှင်မှု များအားရွေ့လျား စနစ်ဖြင့် ဖမ်းဆီး အရေးယူဆောင်ရွက်သွားခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး စစ်ဆေးဖမ်းဆီးရရှိသည့် ယာဉ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Ref : Automobile

Author