ယာဉ်စည်းကမ်းချိုးဖောက်မှုများနှင့် ယာဉ်မတော်တဆမှုများအား Online Complaint Centre (OCC) တွင် မေးမြန်းနိုင်ကြောင်း

0

Full article

ယာဉ်စည်းကမ်းချိုးဖောက်မှုများနှင့် ယာဉ်မတော်တဆမှုများအား Online Complaint Centre (OCC) တွင် မေးမြန်းနိုင်ကြောင်း ရန်ကုန်တိုင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ အသိပေးကြေညာထားကြောင်းသိရသည်။

ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိ၏ယာဉ်တွင် အမှုဖွင့်အရေးယူခံထားရသည့် ယာဉ်မတော်တဆမှု၊ ယာဉ်စည်းကမ်းချိုးဖောက်မှုများအား ရှိ/မရှိကို အလွယ်တကူသိရှိနိုင်စေရန်အတွက် အမှတ်(၂)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ Online Complaint Centre (OCC) နှင့် ဒုတပ်ဖွဲ့ခွဲမှူးရုံးများသို့ မိမိသိလိုသော ယာဉ်နံပါတ်ကိုဖော်ပြကာ ဖုန်းဖြင့်ဖြစ်စေ၊ Viber မှဖြစ်စေ ရုံးချိန်အတွင်းမေးမြန်းနိုင်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ အသိပေးကြေညာထားပါသည်။ ဆက်သွယ်မေးမြန်းရမည့် ဖုန်းနံပါတ်များမှာ Online Complaint Centre (OCC) ၀၉ ၇၇၇ ၄၃၆ ၂၃၂ (Viber Only)၊ ၀၉ ၇၇၇ ၄၃၆ ၂၃၃ (Viber Only)၊ အမှတ် (၆) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-အရှေ့)၊ ၀၁ ၂၉၂ ၂၈၈၊ အမှတ် (၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-အနောက်) ၀၁ ၈၆၀ ၄၈၁၂၊ အမှတ် (၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-တောင်) ၀၅၆ ၂၃၃၆၀၊ အမှတ် (၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-မြောက်) ၀၉ ၄၂၀၀ ၆၆၈ ၅၅ (Viber Only) တို့ဖြစ်ကြောင်းသိရသည်။ ထို့အပြင်မိမိယာဉ်အားသက်တမ်းတိုးမည်ဆိုပါကပြစ်မှုကင်းရှင်းကြောင်းသက်သေခံအထောက်အထားစာရွက်စာတမ်းအား ပုဇွန်တောင်မြို့နယ်၊ ၅၁ လမ်း၊ မှုသေးစစ်ဌာနတွင်လည်းကောင်း၊ မြင်သာ/အင်းစိန်/ဒဂုံတောင်/ရွာသာကြီး( ဒဂုံအရှေ့)/သန်လျင်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန One Stop Service တွင်လည်းကောင်း ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။


အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးအနေဖြင့် Online Complaint Centre (OCC) အား ၂၀၁၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယာဉ်စည်းကမ်းချိုးဖောက်မှုများကို မှတ်တမ်း၊ ဗီဒီယို အထောက်အထားဖြင့် ပေးပို့တိုင်ကြားနိုင်ပြီး၊ တိုင်ကြားလာသည့် ယာဉ်စည်းကမ်းချိုးဖောက်မှုများကို လက်ခံစိစစ်ပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Author