ယာဉ်မှတ်ပုံတင် အသစ်ပြုလုပ်သည့်ကားများ၊ ယာဉ်သက်တမ်းတိုးပြုလုပ်သည့်ကားများ၏ ယာဉ်နံပတ်ပြားတွင် လုံခြုံရေးအဆင့်မြင့် QR code များ တပ်ဆင်ပြုလုပ်ပေးသွားမည်

0

Full article

Zawgyi

မော်တော်ယာဉ်များတွင် တပ်ဆင်အသုံးပြုသည့် ယာဉ်အက္ခရာနံပတ်ပြားများအား အတုအပပြုလုပ်မှုမရှိစေရန် ယာဉ်မှတ်ပုံတင် အသစ်ပြုလုပ်သည့်ကားများ၊ ယာဉ်သက်တမ်းတိုးပြုလုပ်သည့်ကားများ လုပ်ငန်း လာရောက်လုပ်ဆောင်ပါက လုံခြုံရေးအဆင့်မြှင့်တင်ထားသော QR code များ တပ်ဆင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရာ၌ ယာဉ်အက္ခရာ နံပါတ်ပြားများတွင် လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်တင်ထားသော အချက်အလက်များထပ်မံဖြည့်သွင်းထားရှိသည့် QR Code များကို ယာဉ်နံပတ်ပြား အက္ခရာ 4Q/—-  မှစ၍ ဇန်နဝါရီ ၁ ရက်နေ့ မှစတင်ပြီး အသုံးပြုတပ်ဆင်ပြုလုပ်ပေးနေရာ ယာဉ်သက်တမ်းတိုး လာရောက်ပြုလုပ်သည့် ကားများကိုလည်း တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မော်တော်ယာဉ်နံပတ်ပြားတွေမှာ လုံခြုံရေးဆိုင်ရာအချက်အလက် QR Code တွေကို ဇန်နဝါရီ ၁ ရက်ကစပြီး အသုံးပြုနေပါတယ်။ ယာဉ်နံပါတ်ပြားတွေကို အတုအပပြုလုပ်လို့မရအောင် လုံခြုံရေး အဆင့်မြှင့် တဲ့သဘောပါ။ အခုကစ တပ်ဆင်အသုံးပြုမှာဖြစ်ပြီး ယာဉ်သက်တမ်းတိုး လာလုပ်တဲ့ကားတွေအားလုံးကိုလည်း လုံခြုံရေးမြှင့်ထားတဲ့ QR Code တွေတပ်ဆင်လုပ်ဆောင်ပေးသွားမှာပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကညနမှ တရားဝင်ထုတ်ပေးထားသည့် သတ်မှတ်ထားသော ယာဉ်နံပတ်ပြား မတပ်ဆင်ထားသည့် ယာဉ်များ၊ ယာဉ်စည်းကမ်းဖောက်ဖျက်သွားလာသည့်ယာဉ်များကို စစ်ဆေးအရေးယူနေလျက်ရှိရာ ယခုလုံခြုံရေးအဆင့်မြှင့်တင်ထားသော QR Code တွင် တရားဝင်မှတ်ပုံတင်ထားသော ကားဟုတ်မဟုတ် ခွဲခြားသော စနစ်များတပ်ဆင်ထားရှိကြောင်း သိရသည်။

Author

Comments