ယာဉ်များအားလုံး အင်ဂျင်ပါဝါအလိုက်မခွဲခြားဘဲ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းသာ တစ်ပြေးညီသတ်မှတ်ရန် တင်ပြမှု မူလအတိုင်း ကောက်ခံရန် ပြည်ထောင်စုလွတ်တော်အတည်ပြု

0

Full article

ပြည်တွင်းသုံးယာဉ်များအားလုံးကို အင်ဂျင်ပါဝါအလိုက်မခွဲခြားဘဲ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းသာ တစ်ပြေးညီ သတ်မှတ်ပေးရန် ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၆ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျင်ခန့်ပေါင်က စက်တင်ဘာလ ၁၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြထားခဲ့ရာ ပြည်ပက တင်သွင်းလာ သည့် မော်တော်ယာဉ်များ အထူးကုန်စည်ခွန် မူလအတိုင်း (၁,၅ဝ၁ စီစီမှ ၂,ဝဝဝ စီစီအထိကို ၁ဝ ရာ ခိုင်နှုန်း၊ ၂,ဝဝ၁ စီစီမှ ၄,ဝဝဝ စီစီ အထိကို ၃ဝ ရာခိုင်နှုန်း၊ ၄,ဝဝ၁ စီစီအထက်ကို ၅ဝ ရာခိုင်နှုန်း) ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က စက်တင်ဘာ ၁၉ ရက်ကအတည်ပြုခဲ့ခြင်းဖြစ်ပါသည်။

၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျှဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးပါဝင်ဆွေးနွေးခဲ့ပြီး မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦး (ခေါ်) ဦးကျော်ဦးက ၂,ဝဝဝ စီစီ နှင့်အထက် ၃,ဝဝဝ စီစီ အတွင်းမှ ကားများကို တောင်ပေါ်ဒေသ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် မဖြစ်မနေ အသုံးပြုနေရကြောင်း၊ အစိုးရမှ အဆိုပါ ကားများကို ဇိမ်ခံကားအတွင်း စာရင်းထည့်သွင်းထားသဖြင့် ဈေးကြီးပေးဝယ်ယူအသုံးပြုနေရကြောင်း၊ ထို့ကြောင် လမ်းပန်းဆက်သွယ် ရေးအခက်အခဲရှိသည့် ဒေသနေပြည်သူများအဆင်ပြေစေရန် မော်တော်ယာဉ်ခွန်များကို လျော့ချစည်းကြပ်ပေးရန်တင်ပြထားခဲ့မှုကို စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၂ဝ၁၈-၁၉ ပြည်ထောင်စု အခွန် ကောက်ဆိုင်ရာဥပဒေကို တစ်ပိုဒ် ချင်းစီအလိုက် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

"၂,ဝဝဝ စီစီ အထက်က ဇိမ်ခံကားအမျိုးအစားထဲ ဝင်ပါ တယ်။ ၂,ဝဝဝ စီစီ အထက်ကား တွေမို့လို့ မြန်မာနိုင်ငံရဲ့ ယာဉ်ကြောပိတ်တဲ့အခါမှာ အခက်အခဲဖြေရှင်းနိုင်ဖို့နဲ့ စက်သုံးဆီချွေတာဖို့ကို ရည်ရွယ်ပြီးတော့ အခွန်ကောက်ခံခြင်းဖြစ်ပါတယ်"ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏ္ဏစိုးက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ပြောကြားသွားခဲ့ပါသည်။ ည့် Show room များစွာရှိပြီး ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ ယခု သြဂုတ်လ ၂ဝ ရက် နေ့အထိ ပြည်ပမှမှာယူတင်သွင်းလာသော မော်တော်ယာဉ် ၈၇ဝဝစီးအပေါ် အခွန်စည်းကြပ်ခဲ့ရာတွင်ကျပ်သန်း ပေါင်း ၁၁၉၇ .၈၄သန်း ရရှိခဲ့ကြောင်းသိရပါသည်။

နိုင်ငံတွင်းသို့ ကုမ္ပဏီမျိုးစုံ၊ အမှတ်တံဆိပ်မျိုးစုံဖြင့် မော်တော်ကားများ ဖွင့်လှစ် ရောင်းချသည့် show room များစွာရှိပြီး ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ ယခု သြဂုတ်လ ၂ဝ ရက် နေ့အထိ ပြည်ပမှမှာယူတင်သွင်းလာသော မော်တော်ယာဉ် ၈,၇ဝဝ စီးအပေါ် အခွန်စည်းကြပ်ခဲ့ရာတွင် ကျပ်သန်းပေါင်း ၁၁၉၇.၈၄သန်း ရရှိခဲ့ကြောင်းသိရသည်။

Legislation

Author