ရန်ကုန် ဘတ်စ်ကားများကို အများပိုင်ကုမ္ပဏီ ဖွဲ့မည်

0

Full article

ရန်ကုန်မြို့ ခရိးသည်တင် ဘတ်စ်ကားလိုင်းစနစ်ကို အများပိုင်ကုမ္ပဏီ ဖွဲ့စည်းပြောင်းလဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ သိရသည်။ ခရီးသည်တင်ဘတ်စ်ကားလိုင်းစနစ်ကို အများပိုင် ကုမ္ပဏီများဖွဲ့စည်းရာတွင် သက်ဆိုင်ရာလမ်းကြောင်းများအလိုက် ယာဉ်လိုင်းစနစ်များ စနစ်တကျ ပြေးဆွဲသည့်စနစ်ပြုလုပ်မည်ဖြစ်သည်။

ရန်ကုန် ဘတ်စ်ကားလိုင်းစနစ်တွေကို အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ယာဉ်စီးခကို ကဒ်စနစ်နဲ့ ပေးချေရတဲ့ စနစ်တွေ စည်းကမ်းတကျ လမ်းကြောင်းအလိုက်သွားဖို့ လုပ်ဆောင်သွားမှာပါ။ ကားအဟောင်းတွေကိုလည်း နယ်တွေကို ရောင်းချခွင့်ပေးထားပါတယ်။ ကားသစ်တွေနဲ့ အစားထိုးပြေးဆွဲနိုင်တဲ့ စနစ်ကို ဖော်ဆောင်သွားမှာပါ ဟုရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးကို အဓိက ကိုင်တွယ်ဖြေရှင်းရာတွင် ခရီးသည်တင်ယာဉ်များ စည်းကမ်းတကျသွားလာမှုကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်သည်။

ခေတ်သစ်

Author