ဘတ်စ်ကား အများပိုင်ကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံမှသာ ဓါတ်ဆီဖြန့်ချီရေးလုပ်ကိုင်ခွင့်ရမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က ကိုင်တွယ်မည့် ဘတ်စ်ကားအများပိုင်ကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံလျှင် ဓါတ်ဆီ၊ ဒီဇယ်ဖြန့်ချီရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိရန်ကုန်တိုင်းဒေသကြီးတွင် ဓါတ်ဆီဖြန့်ဖြူးရန်လျှော်ကထားခွင့်ကိုရပ်ဆိုင်းထားရှိပြီး ဘတ်စ်ကားအများပိုင်ကုမ္ပဏီ ပြောင်းလဲဖွဲ့စည်းရာတွင် အရှုံးပေါ်ပေါက်လာခြင်းမရှိစေရန် ဓါတ်ဆီ၊ ဒီဇယ် လုပ်ကိုင်ခွင့် ဖြန့်ချီရေးကို လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကပြောသည်။

အရှုံးပေါ်တဲ့နေရာမှာ ပြည်သူလူထုအတွက်ဆိုရင် ဘယ်လောက်အနစ်နာခံပြီး ပြေးဆွဲခဲ့လဲပေါ်မူတည်ပြီး သူ့ရဲ့ တစ်ခြားနည်းလမ်းတစ်ရပ်နဲ့ ရနိုင်မယ့် သူ့လုပ်ငန်းနဲ့ပါတွဲပြီး ရပ်တည်ပေးနိုင်ဖို့ နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးသွားမှာဖြစ်တယ် ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ဦးဆောင်ဖွဲ့စည်းမည့် ဘတ်စ်ကားအများပိုင်ကုမ္ပဏီတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ခေတ်သစ်

Author