ကုမ္ပဏီကြီးတစ်ခုမှ ခရီးသည်တင်ကားအစီးရေ ၁ဝဝဝ ဝယ်ယူထားသော်လည်း အများပိုင်ယာဉ်လိုင်း အတိုင်းသာလုပ်ဆောင်သွားမည်

0

Full article


ရန်ကုန်ခရီးသည်တင် အများပိုင်ယာဉ်လိုင်းတွင် ပါဝင်ပြေးဆွဲရန် ကုမ္ပဏီကြီးတစ်ခုမှ ကားအစီးရေ ၁ဝဝဝ ခန့်ဝယ်ယူထားသော်လည်း အများပိုင်စနစ်အတိုင်းသာလုပ်ဆောင်သွားမည်ဖြစ်တယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေး အဏာပိုင်တာဝန်ရှိသူကပြောခဲ့သည်။

အများပိုင်ကုမ္ပဏီတစ်ခုလျှင် ယာဉ်စီးရေ ၂ဝဝ သာသတ်မှတ်ထားရှိပီး ယာဉ်အစီးရေများပြားစွာလျှောက်ထားမှုခွင့်ပြုပေးရန်မလိုအပ်သေးကြောင်းသိရသည်။ အများပိုင်ဆိုတာအများကပိုင်ဆိုင်ထားတဲ့ကုမ္ပဏီပဲဖြစ်ရမယ်။ဒီထက်ပိုပီးချပေးမှာလည်းမဟုတ်ဘူး။အစီးရေကဘယ်လောက်ရှိရမယ်ဆိုတာသတ်မှတ်ထားပါတယ်ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုက်အဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုခဲ့သည်။

အများပိုင်ယာဉ်လိုင်းတွင်ပါဝင်မည့် ကုမ္ပဏီများတင်ပြထားမှုများရှိရာ ယခုနှစ်ကုန်တွင်အများပိုင်ယာဉ်လိုင်းစနစ်တွင်ပါဝင်ပြေးဆွဲခွင့်ရရှိမည့်သူများအားကြေငြာမည်ဖြစ်သည်။

အများပိုင်ကုမ္ပဏီတွင် အဲယားကွန်းစနစ်ပြည့်ဝပြီး ခရီးသည်အားဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် ၂ဝဝ၆ မိုဒယ်အထက်ကားများကိုသာခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

ခေတ်သစ်

Author