Full article

ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီ ၁၆ ရက်မှစ၍ ခရီးသည်ပို့ဆောင်ရေး အများပိုင်ယာဉ်လိုင်း စနစ်ကို ပြောင်းလဲပြေးဆွဲပေးမည်ဖြစ်ရာ ယင်းနေ့တွင် မြို့တွင်း ၆ မြို့နယ်ကို အခြားယာဉ်များဝင်ရောက်ပြေးဆွဲခွင့် မပြုတော့ပဲ ယာဉ်လိုင်းတစ်လိုင်းသာ ဝင်ရောက် ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က သိရပါတယ်။

ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန်အတွက် ခရီးစဉ်လမ်းကြောင်းများ ရောက်ရှိမည့်နေရာများ ယာဉ်နံပတ်များပါရှိသည့် Yangon Bus Android application လုပ်ဆောင်ပေးထားတယ်လို့သိရပါတယ်။ခရီးစဉ်လမ်းကြောင်းများ အသေးစိတ် ကို နိုင်ငံပိုင် သတင်းစာများတွင် ကြေငြာပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ခရီးသည်တွေသွားလာရ အဆင်ပြေအောင်လို့ ခရီးစဉ်လမ်းကြောင်းတွေကိုလည်း နိုင်ငံပိုင်သတင်းစာကနေကြေငြာပေးသွားမှာပါ။အများပိုင်ယာဉ်လိုင်း စတင်ပြေးဆွဲတဲ့နေ့ကစပီး မြို့တွင်း ၆ မြို့နယ်ကို ဝင်ရောက်ပြေးဆွဲလို့မရတော့ပါဘူး။သတ်မှတ်ထားတဲ့ ယာဉ်လိုင်းက ၆ မြို့နယ်ကို ပြေးဆွဲပေးသွားမှာပါ။ ခရုပတ်ခွေစနစ်နဲ့ မြို့တွင်းကို လှည့်ပတ်ပြေးဆွဲပေးမှာပါလို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောပါတယ်။

မြို့တွင်း ၆ မြို့နယ်ပြေးဆွဲပေးမည့် ကားများမှာ မော်ဒယ်မြင့်ကားများဖြစ်ပြီး လူတစ်ဦးလျှင် ယာဉ်စီးခ တစ်ရာကျပ်နှူန်းကောက်ခံသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မြို့တွင်း ၆ မြို့နယ်သို့ ပြေးဆွဲပေးရာတွင် လမ်းကြောင်း (၁)အနေဖြင့် သခင်မြပန်းခြံ၊ဗိုလ်ချူ ပ်အောင်ဆန်းလမ်း၊ဗိုလ်တစ်ထောင်ဘုရားလမ်း၊ကမ်းနားလမ်း၊ကုန်သည်လမ်း၊လမ်းကြောင်း(၂)မှာ သခင်မြပန်းခြံလမ်း၊မဟာဗန္ဓူ လလမ်း၊ဗိုလ်တစ်ထောင်ဘုရားလမ်း၊ကမ်းနားလမ်း၊သခင်မြပန်းခြံအတိုင်း လမ်းကြောင်း( ၃)မှာဗိုလ်တစ်ထောင်ဘုရားလမ်း၊အနော်ရထာလမ်း၊ကမ်းနားလမ်း အတိုင်းပြေးဆွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author